[UNICODE]
"အား--ခြေထောက်ကို
တက်နင်းမိတော့မယ်လေ !""မနင်းမိပါဘူး... ပီအိုက်သာ သေသေချာချာရပ်ပါလေ။"
လေ့ကျင့်ရေးကွင်းထဲမှ ဓားရေးကျင့်နေသည်ဟုမထင်ရပဲ ပျော်ရွှင်စွာ ဆော့ကစားနေကြသည်ဟု ထင်စေသည့် လူနှစ်ယောက်၏ အသံများကိုကျယ်လောင်စွာ ကြားနေရသည်။
"ဒီလိုကိုင်ပြီး၊ ဒီလိုလွှဲ၊ ဒီလို ခုတ်--"
"ဘာလို့ ခါးက လက်သွားတဲ့နေရာကို လိုက်ကိုင်းနေရတာလဲ? ခါးက တစ်နေရာတည်းမှာ မတ်မတ်ထား။"
သုန္ဓက ပါးစပ်မှလည်း တတွတ်တွတ်ပြောနေလျက် လက်များကလည်း စောယွန်း၏
ခါးဘေးနှစ်ဖက်ကို ကိုင်ထားသည်။"ခါးကို လိုက်မရွေ့စေနဲ့။"
စောယွန်းက စိတ်မရှည်တော့ဟန်ဖြင့် ဆိုသည်။
"ကြိုးစားနေတာပဲကို။"
"ပီအိုက်က အကြောမပျော့သင့်တဲ့နေရာမှာပျော့နေပြီး ပျော့သင့်တဲ့ နေရာမှာ မပျော့ပဲ
ဖြစ်နေတာပ။""ဒါအစား အပြေးပဲ လေ့ကျင့်ရင်ကောင်းမလား?"
"ဘယ်လို ?"
သုန္ဓက သစ်သားတုတ်များကို စင်ပေါ်သို့
တင်ရင်း မေးသည်။ စောယွန်းကမူ မြက်ခင်းပြင်ပေါ်တွင် ထိုင်လိုက်ပြီး ခြေထောက်အနီးမှ
မြက်များကို တစ်ပင်ချင်း လက်ဖြင့်
နုတ်နေသည်။"ဘာပဲဖြစ်ဖြစ် နည်းနည်းလောက် ကြိုးစားကြည့်တာနဲ့ အဆင်ပြေရမှာကို၊ ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဒီတော့ ထွက်ပြေးဖို့ပဲ လေ့ကျင့်ရင်ကောင်းမလားလို့လေ။"
"ဟားဟား"
သုန္ဓက မအောင့်အီးထားနိုင်ပဲ အားပါးတရ ရယ်မိသည်။ ထို့နောက် ရယ်သံစွက်နေသော အသံဖြင့် ပြောသည်။
"ထွက်ပြေးစရာမလိုအောင် အခု လေ့ကျင့်နေတယ်မဟုတ်လား ? အခုမှ အစမို့ ပီအိုက်အဖို့ ခက်ခဲတာပ၊ ဘယ်အရာမဆို အစပိုင်းမှာ ခက်ခဲတာပဲ။"
စောယွန်းက သုန္ဓမြင်သည်အထိ လက်ကို
ထောင်ပြလိုက်သည်။"နောက်ဆိုရင် လက်မှာ အသားမာတွေ တက်လာတော့မယ်။ လက်တွေကို လှလှလေးထားချင်ပါတယ်ဆိုကွာ။"