Chapter_50

1.9K 369 46
                                    

_____________U.N.I.C.O.D.E.____________

နန်းတွင်းကနေ လွှတ်လိုက်တဲ့ အတိုင်ပင်ခံ အမတ်ကြီး ဂန်ဘိုမွန်းရောက်ရှိလာတဲ့ နေ့ကစပြီး စစ်သူကြီးက ခံတပ်မှာပဲ နေတော့သည်။တစ်ပတ်လုံးနေမှ မျက်နှာလေး တစ်ခေါက်လောက်ပဲ မြင်ရတာမျိုး ရှိပေမယ့် ကြင်ယာ​တော်လေးက ခံတပ်တံခါးပေါက်ဂိတ်ဝအထိ သွားပြီး အရိပ်၊အယောင်လေးများ တွေ့ရလိုတွေ့ရငြား သွားစောင့်လေ့ရှိသည်။

ကြင်ယာတော်လေးကို သိတဲ့ စစ်သားတွေက စစ်သူကြီးဆီ သွားအကြောင်းကြားပေးပေမယ့် ကြင်ယာ​တော်လေး ရောက်နေတယ်ဆိုတာက ဘယ်သောအခါမှ စစ်သူကြီးနားထဲမရောက်ခဲ့ဘူး။စစ်သေနာပတိရဲ့ လက်အောက်မှာ စစ်သူကြီးတွေ၊တပ်မှူးတွေ အများကြီးရှိပြီး ဘုရင်ရှင်းက စစ်သေနာပတိဖြစ်တာကြောင့် တပ်ခွဲအသေးလေးတွေအထိ
လိုက်ပြီး ကြီးကြပ်နေစရာမလိုပေမယ့် ဂေ​ျာ်လာနမ်ဒိုကနေ အရှေ့ဘက် အို့ဒုံပြည်အထိ သွားရမည့် လမ်းတစ်လျှောက် မြေပြင်ဗျူဟာမှူးနှင့်ပေါင်းပြီး ဘယ်တပ်ဖွဲ့ကို ဘယ်လိုလွှတ်ရမည်အထိပါ အသေးစိတ်အစီအစဥ်ဆွဲနေရတာကြောင့် စစ်သူကြီးရဲ့ ကိစ္စတော်​တော်များများကို စစ်ရေးဗျူဟာမှူး အမန်ကြီးဂန်က စီစဥ်ပေးသည်။

အရေးကြီးသော ကိစ္စများမှသာ ဘုရင်ရှင်းဆီ တိုက်ရိုက်ရောက်ပေမယ့် အရေးမကြီးဘူးဟုထင်သော ကိစ္စတော်တော်များများက အမတ်ကြီးဂန်ရဲ့ ဆုံးဖြတ်ချက်နှင့်ပဲ ပြီးသွားရသည်။

ဘုရင်ရှင်းက အိမ်တော်က ကြင်ယာတော်လေးနှင့် ပက်သက်လျင် သူ့ဆီ တိုက်ရိုက်အစီရင်ခံဖို့ပြောပေမယ့် ဘယ်သူပဲ လာပြောပြောပြော၊ အမြဲ မအားမလပ်သော ခင်ပွန်းသည်ကြီးကြောင့် ကြင်ယာတော်လေး ပို့်လိုက်တဲ့စာလွှာတွေကလည်း အမတ်ကြီးဂန်ရဲ့ လက်ထဲပဲ ရောက်ပြီး အမြဲလိုလို တစ်ပတ်လောက်နောက်ကျမှ ဘုရင်ရှင်းရဲ့ လက်ထဲ ရောက်တတ်သည်။

"ကြင်ယာတော်လေး မနက်စာ သိပ်မစား!"

ဘုရင်ရှင်းက ကြင်ယာတော်လေးကို အနီးကပ်စောင့်ရှောက်ဖို့ရန်အတွက် ဘုံကို တာဝန်ပေးထားပြီးဖြစ်ပြီး ကြင်ယာ​တော်လေး တစ်ခုခုဖြစ်တာနှင့် စာရေးအကြောင်းကြားရန် အမိန့်ပေးထားပေမယ့် တံခါးဂိတ်မှူးက လာပေးတဲ့စာစောင်ကို အမတ်ကြီးဂန်က ယူဖတ်လိုက်ပြီး စစ်သူကြီးစားပွဲမှာ ရှိတဲ့ စာလွှာတွေရဲ့ အောက်ဆုံးကို ထိုးထည့်လိုက်သည်။

GRIEF//Mpreg//Where stories live. Discover now