Chapter_74

1.3K 113 11
                                    

ကြင်ယာတော်လေး သူ့ကို ခဏလောက်လေး မှီလို့ အားယူလို့ ဝသည်နှင့် ယန်းက ကြင်ယာတော်လေး ထိုင်​နေရာ အရှေ့ ထိုင်ချလိုက်ပြီး နီရဲအစ်ဖောင်းနေတဲ့ ခြေသလုံးသားလေးတွေကို လက်ကလေးဖြင့် တင်းနေအောင် ဆုတ်ဆုတ်ပြီး နှိပ်ပေးနေလိုက်သည်။

တော်ရုံတန်ရုံ လမ်းလျှောက်တာ ကြာသည်နှင့်ပင် ပင်ပန်းတတ်သည့် ကြင်ယာတော်လေးအတွက် နှစ်နာရီ နီးပါးလောက် လမ်းဆက်လျှောက်​နေခဲ့ရတာ ဘယ်လောက်တောင် ပင်ပန်းလွန်းလိုက်မလဲ။

ခြေချောင်းလေးတွေပါ အညောင်းပြေသွားအောင် စီးထားတဲ့ ဖိနပ်ကလေးပါ ချွတ်လို့ ယန်းက ခြေအိတ်ဖြူဖြူလေးပေါ်ကနေ နှိပ်နယ်ပေးလိုက်တော့ ဒီလောက်အကြာကြီး လမ်းမလျှောက်တာကြာပြီမလို့ သွေးခြေပါ ဥချင်နေတဲ့ ခြေသန်းလေးကြောင့် ကြင်ယာတော်လေးက တစ်ချက်တွန့်သွားခဲ့သည်။

"အရမ်းနာနေသေးလား"

ယန်း စိတ်ပူသည့်အတိုင်းပင် ခြေအိတ်ဖြူလေး ချွတ်လိုက်တော့ ဖုဖောင်းနေသည့် ခြေသန်းလေးဘေးဝယ် အရည်ကြည်ဖုလေးက ပေါက်ကွဲထွက်မတတ် ယောင်ကိုင်း​နေသည်မလို့ ယန်းက ကြင်ယာတော်လေး လမ်းလျှောက်ရအဆင်ပြေသွားအောင် တွယ်ချိတ်ကလေးဖြင့် ဆတ်ခနဲ ဖောက်လိုက်ရင်း ခေါင်းမှာချည်ထားသည့် ဖဲကြိုးအနီလေးဖြင့် တင်းနေအောင် ပြန်ချည်ပေးထားလိုက်သည်။

ကိုယ်ဝန်ရှိပြီးကတည်းက အသားအရည်တွေက မွေးကင်းစ ကလေးလေး အသားလိုမျိုး နုအိလာပြီး အထိမခံနိုင် ဖြစ်လာသည့်အတွက်ကြောင့် နေရောင်ပြင်းပြင်းထိလျင်တောင် သူတို့ သခင်လေးက ပေါက်ကွဲထွက်တော့မလို ရဲတွတ်လာတတ်သည်အထိ နုနယ်လာသည်မလို့
လက်ဖဝါးထဲ ထည့်ထားလျင်လည်း အရည်ပျော်သွားမှာကြောက်ရသလို၊ ပါးစပ်ထဲ ငုံထားလျင်လည်း မြိုချမိမှာ ကြောက်ရတဲ့အထိ ဂရုတစိုက် ကြည့်နေရတဲ့ ကြင်ယာတော်လေးက နုနုနယ်နယ် ခြေဖဝါးတပြင်လုံး သွေးခြေဥနေသည့်အတွက် ယန်းက သူ့ဂါဝန်စလေးကို လုံးရင်း အာငွေ့ပေးလို့ အနာသက်သာသွားအောင် သွေးခြေဥနေတဲ့ နေရာလေးတွေပေါ် ဖိဖိပြီး ပွတ်ချေပေးသည်။

"အဝေးကြီး လိုသေးလား သခင်လေး"

ယန်းက ကြင်ယာတော်လေးနှင့်အတူတူ ငယ်ငယ်ကတည်းက နေပြည်တော်မှာပဲ ကြီးပြင်းခဲ့သည်အတွက် ယန်း မြင်ဖူးသည်ဆိုလို့ နေပြည်တော်ကနေ ဂျော်လာနမ်ဒို အပြန် လမ်းတစ်လျှောက်က သစ်ပင်တွေသာ ရှိသည့်အတွက်ကြောင့်မလို့ တိုင်းပြည်ရဲ့ တောင်ဘက်အရပ် ဂမ်ဝန်ပြည်သို့ ရောက်နေသော အခါ မျက်စိသူငယ်၊ နားသူငယ်လေးဖြင့် လိုက်ကြည့်ရင်း ကြင်ယာတော်လေးကို မေးသည်။

GRIEF//Mpreg//Where stories live. Discover now