Chapter_46

2.4K 396 57
                                    

___________U.N.I.C.O.D.E______________


"အိမ်ပြန်ရအောင်"

ကြင်ယာတော်လေး​က မနက်စောစောပဲ နိုးလာပြီး အိမ်တော်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။သရဖူကတော့ တစ်ယောက်တည်းဆောင်းဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ကြင်ယာတော်လေးက စစ်သူကြီးကိုပါ ခေါ်လှုပ်နိုးလိုက်သည်။ဒီနေ့က စစ်သူကြီးတို့ မြောက်ပိုင်းကို ပြန်ရမည့်နေ့ဖြစ်သည်။

"ပြန်လိုက်ချင်တာ သေချာရဲ့လား"

ကြင်ယာတော်လေးက ယန်းရော၊ခင်ပွန်းသည်ကြီးပါ အသက်ကို ခြိမ်းခြောက်ခံရသည်အထိ ဖြစ်သွားသော နေပြည်တော်မှာ ခဏလေးတောင် မနေချင်တော့ဘူး။ခင်ပွန်းသည်ကြီးက အတွင်းဝတ်ရုံကို ဝတ်နေရင်းမေးတော့ ကြင်ယာတော်လေးက အပေါ်ထပ်ဝတ်ရုံကို လှမ်းယူလိုက်ရင်း စစ်သူကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။

"အိမ်ပဲ ပြန်ရအောင်"

စစ်သူကြီးက ပြန်ကို ပြန်ရမည့်အခြေအနေရောက်နေပြီဖြစ်ပြီး ကြင်ယာတော်လေးကတော့ ယန်းနေကောင်းသည်အထိ ရှောင်းအိမ်တော်မှာ နေခဲ့လည်းဖြစ်သေးသည် ဖြစ်သည်။ကြင်ယာတော်လေး​က အိမ်တော်ပြန်ဖို့ စိတ်အားထက်သန်နေပြီဖြစ်သောကြောင့် စစ်သူကြီးက ဂင်အိမ်တော်ကို နောက်ထပ်တစ်ခေါက်ဝင်ပြီးတော့ နှုတ်မဆက်တော့ဘူး။ယန်းအတွက် ဝေါယာဥ်အသေးတစ်ခု ပြင်ဆင်ပေးလိုက်ပြီး ကြင်ယာတော်လေးက ဝေါယာဥ်အကြီးထဲ လိုက်လို့ စစ်သူကြီးက ကြင်ယာတော်လေးရဲ့ ဝေါယာဥ်ဘေးနားကနေ မြင်းတစ်စီးနှင့် လိုက်ပါလာခဲ့သည်။

အိမ်တော်ပြန်ခရီး စတင်ခဲ့ပြီဖြစ်ပြီး စစ်သူကြီးရဲ့ စစ်ချီခရီးကလည်း နီးစပ်လာပြီဖြစ်သည်။စစ်သူကြီးချုပ်နှင့် နန်းတော်ထဲမှာ တွေ့ဆုံခဲ့တုန်းက အို့ဒါပြည်ဘက်က ကျူးကျော်လာမှုအတွက် စစ်သူကြီးကို ရှေ့တန်းလွှတ်ဖို့ကို ညီလာခံက တားမြစ်ပေမယ့် ဧကရာဇ်က ငြင်းဆိုခဲ့တာကြောင့် ရှေ့တန်းရောက်ရင် ရန်သူကိုသာမက၊ကိုယ့်ဘက်ကိုပါ သတိထားဖို့ စစ်သူကြီးချုပ်က မှာကြားခဲ့သည်။

ကြင်ယာတော်လေးရဲ့ ဝေါယာဥ်က အရှေ့က သွားနေပြီး စျေးလမ်းက လူကြပ်နေသောကြောင့် စစ်သူကြီးက မြင်းကို တစ်လှမ်းချင်း၊လှမ်းရင်း ဖြည်းဖြည်းလိုက်ခဲ့သည်။စစ်သူကြီးက ကြင်ယာတော်လေး မုန့်ပေါက်စီသည်က ပေါင်းအိုးကို အဖုံးဖွင့်လိုက်တော့ အငွေ့တထောင်းထောင်းသွားတာကို ငေးကြည့်တာ တွေ့တော့ ကြင်ယာတော်လေး ဝေါယာဥ်ဖြတ်သွားတော့မှ စစ်သူကြီး​က ပေါက်ဆီသည်ရှေ့ ရပ်လိုက်သည်။

GRIEF//Mpreg//Where stories live. Discover now