Chapter_16

3K 426 36
                                    

_____________U.N.I.C.O.D.E.___________

သခင်လေးတို့ အိပ်ခန်းထဲကို ဝင်လိုက်၊ထွက်လိုက် လုပ်နေရတာ ဘယ်နှခေါက်ရှိနေပြီမှန်းတောင် ယန်း မရေတွက်နိုင်တော့။
ဝေ့ဝဲကျချင်လာသည့် မျက်ရည်တွေကို
အင်္ကျီလက်မောင်းစနှင့် ပင့်တင်သုတ်လိုက်သည်။

"ငါတို့သခင​်လေးကိုမှ ဖြစ်ရတယ်!"

ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမယ်မှန်းလည်း မသိတော့ဘူး။
အခုနလေးတင်မှ တရေးပြန်အိပ်သွားသည့် သခင်လေး ပြန်မနိုးလာစေရန်အတွက် အံ့ကို တင်းတင်းကြိတ်၍ တင်းခံထားရသောကြောင့် လျှာတွေကတောင် ထုံကျင်လို့လာသည်။

ယန်းရဲ့လက်တွေက ေဆာင်းတွင်းအေးအေးကြီးရဲ့ ရေထဲ နှစ်ဝင်နေပေမယ့်
ရင်ထဲက ပူလောင်နေသောကြောင့်
သူမလက်တွေက ထုံကျင်ပြီး အပ်တွေနဲ့ တဆစ်ဆစ်ထိုးနေသလို နာနေတာကိုတောင် သတိမထားမိဘူး။

အခန်းထဲက ပြန်ထုတ်ယူလာတဲ့
သစ်သားဇလုံလေးထဲက ရေတွေက ရဲရဲတောက်လို့နေသည်။
ပုဝါစလေးကို ဆွဲထုတ်လိုက်တော့
အရင်က ဒီပုဝါစလေးက အဖြူရောင်ပါဆိုတာ ဘယ်သူမှ ယုံကြမယ်မထင်ဘူး။

ပုဝါစကို ရေညှစ်လို့ ဇလုံထဲက ရေတွေကို ေမြပြင်ပေါ် သွန်ချလိုက်တော့ နှင်းဖြူဖြူတွေရဲ့ အပေါ်မှာ သွေးစီးကြောင်းကြီးဖြစ်ပေါ်သွားသည်။

ဖြူဖွေးနေတဲ့ နှင်းပြင်ကြီးပေါ်က အနီရောင်သွေးကွက်ကြီးကို ကြည့်ရင်း
ယန်း အော်ငိုချလိုက်ချင်မိပြီ။

ပထမဆုံးတစ်ခေါက် သခင်လေး ဆယ့်သုံးနှစ်ပြည့်မွေးနေ့တုန်းကလည်း ဒီလိုပဲ သွေးတွေအန်လို့ အိပ်ယာပေါ်ဖြူဖျော့နေတဲ့ သခင်လေးကို လက်လွှတ်လိုက်ရပြီထင်ခဲ့တာ။

အသက်ကို ကယ်နိုင်ခဲ့တယ်ဆိုပေမယ့် မြင်လွှာတို့ကတော့ အစစ်ပျောက်ကွယ်သွားခဲ့ရသည်။
ဘာအကြောင်းအရင်းမှလည်း မရှိဘဲ ရုတ်တရက်ကြီး ပျောက်ကွယ်သွားတဲ့ မြင်လွှာတွေကြောင့် သခင်လေးက သတ်သေဖို့လည်း အကြိမ်ကြိမ်ကြံစည်ဖူးခဲ့သည်။
ပထမဆုံးအကြိမ် ယန်းတွေ့လိုက်တဲ့အချိန်ကစပြီး သခင်လေးဘေးနားကနေ တစ်ခဏလေးမှ မခွာတော့။

GRIEF//Mpreg//Where stories live. Discover now