Chapter_2

8.9K 926 98
                                    

____________Z.A.W.G.Y.I._________

"နေကောင်းရဲ့လား မုံမုံ"

ေရှာင်းသခင်လေးက ရင္ဘတ္ကို ဖွင့်၍ ဆီးကြိုလိုက်သည်နှင့်
ခုန်တက်လာသော အမွှေးလုံးလုံးလေး။

သဘောတကျရယ်မော၍ နွေးနေသော အမွှေးလုံးလုံးလေးကို ပွေ့ချီလိုက်သည်၊
သိပ်ချွဲတတ်သော အကောင်လေးပေမို့
သခင်ဖြစ်သူနှင့် တစ်လလောက်ခွဲရသည်ကို
တစ်ကမ္ဘာခွဲရသည်ထင်ပုံပေါ်သည်၊

ရင်ဘတ်ထဲထွေးပွေ့ထားလျှက်ပင် ခုန်၍ခုန်၍ လူကို နမ်းရှိုက်နေသည်။
မယ်တော်ကတော့ ပြောရှာသည်၊
ယောင်း မရှိတော့ မုံမုံ့ခမျာ အစားတောင် သိပ်မဝင်ရှာဘူးတဲ့၊

ခါးချိအောင် ချီရလောက်အောင် အင့်နေသော အကောင်ငယ်လေးသည်
တောဝက်လား.ဖခင်ဖြစ်သူ နိုင်ငံရပ်ခြားမှဝယ်လာသော ခွေးလားပင် မသဲကွဲပါ။

ကျောပြင်အိအိကို ပွတ်သပ်ပေးတော့ တအီအီရှိုက်၍
လည်တိုင်ကြား ခေါင်းမှီသည်၊
ကလေးတွေကို ပွေ့ချီသလိုမျိုး တင်ပါးလေးကနေပင့်၍
ကျောပြင်လုံးလုံးကို အသာပွတ်သပ်ပေးတော့
မုံမုံကတော့ ထင်ရှာမည်၊
ဒီသခင်နှင့်တော့ ဒီတစ်သက်မခွဲတော့ပါဘူးဟူ၍။

နှင်းဆီပန်းတို့၏ ရနံ့ကို ရပါသောကြောင့်
အဆောင်ပြန်ရာ လမ်းရောက်နေမှန်းသိလိုက်ပြီမို့
ပုခုံးထက်မျက်နှာအပ်၍ ဂျီနေပါသော မုံမုံ့ကို ထွေးပွေ့ထားရင်း အဆောင်တော်ဘက် ပြန်လျှောက်လာခဲ့သည်၊

ခင်ပွန်းသည်ကတော့ အလယ်ဆောင်မှာ
ဖခင်ကြီးနှင့်စကားပြောရင်း ကျန်ရစ်နေခဲ့သည်၊
အငယ်ဆုံးသော သားလေး၏ အိမ်ပြန်ခရီးစဉ်မို့ မယ်မယ်ကတော့ အိမ်စေတွေကို ယောင်း အကြိုက်ဟင်းမျိုးစုံကို ချက်ခိုင်းစေနေလိမ့်မည်၊

ယောင်း ကတော့ ရှိနေရင်တောင် အကူအညီမရတတ်သူမို့ အိပ်ဆောင်ငယ်လေးထဲမှာပဲ ငြိမ်၍ နေရတော့မည်၊
မုံမုံနှင့်အတူပေါ့၊

ရင်ဘတ်ထဲမှာ မှိန်းနေပါသော ဝကျပေါကျစကို ယောင်းအိပ်ယာပေါ်တင်ပေးတော့ ချက်ချင်းလူးလဲ၍ ပေါင်ပေါ်ပြေးတက်လာသည်၊

သခင်လေးကို လွမ်းလွန်းလို့ ထမင်းတောင် မစားနိုင်ပါဘူးဟူသော အကောင်ပေါက်က လေဖောပဲဖောသလား၊ရေဖောပဲဖောသလား၊
လေးနင့်နေသော အကောင်ငယ်ကြောင့် ယောင်းမှာ အသက်ရှူပင်ရပ်သွားရသည်၊

GRIEF//Mpreg//Where stories live. Discover now