Chapter_15

3.1K 434 11
                                    

___________Z.A.W.G.Y.I.______________


အိပ်ဆေးတွေ မပါဘဲ မအိပ်တတ်တော့တဲ့ ကြင်ယာတော်လေးက အိပ်ခါနီးအချိန်တွေတိုင်း စစ်သူကြီး ဘေးနားရှိနေလို့ ကောင်းကောင်းအိပ်ပျော်ပေမယ့်
ညလယ်လောက်ရောက်ရင် အိပ်မက်ဆိုးတွေ မက်ပြီး နိုးလာတတ်သည်။

သုံးရက်လောက်ဆက်တိုက် အိမ်မက်ဆိုးတွေဘဲ မက်နေတော့ ကြင်ယာတော်လေးက အိပ်တောင်မအိပ်ရဲတော့ဘူး။

အိမ်မက်တွေထဲမှာ အမြဲလိုလို စစ်သူကြီးက ထားသွားတတ်တာမျိုး.ဆောင်းရာသီကြီးထဲ နှင်းတောထဲ တွန်းချခံရတာမျိုး....
အတိတ်ကတစ်လှည့်၊ မဖြစ်ပါစေနဲ့လို့ တွေးထားတဲ့ အနာဂတ်ကတစ်လှည့် အိမ်မက်တွေက ကြင်ယာတော်လေးကို စောင့်ကြိုနေတတ်သည်။

"လူကြီးမင်း..ဒီည ယောင်းတို့မအိပ်ဘဲ သေရည်လေးသောက်ပြီး စကားပြောကြမလား.."

"သေရည်သောက်ရအောင် ဂယောအူးလ်လေးက ဘယ်နှနှစ်ရှိပြီမလို့လဲ.."

စစ်သူကြီးက ဘယ်က အကျင့်ဆိုးတွေတတ်လာလည်း မသိတဲ့ ကြင်ယာတော်လေးရဲ့ပါးကို ခပ်ဖွဖွညှစ်ပြီး စနောက်တယ်။

ယောင်းက နီရဲသွားတဲ့ ပါးဖောင်းဖောင်းလေးကို ပွတ်သပ်ရင်း

"ဆယ့်ရှစ်နှစ်ပြည့်ပြီ!"

ကြင်ယာတော်လေးက ကြည်ဟန်မတူဘူး!
ဒီရက်ပိုင်းတွေထဲ အိပ်ရေးလည်း မဝတဲ့အပြင် အိမ်မက်ဆိုးတွေပဲ မက်နေတာမလို့
အလိုမလိုက်ချင်တဲ့ စစ်သူကြီးကို ငြိုငြင်ချင်နေသည်။

"ဟုတ်ပါပြီ..ဒီအကိုတော်က ကြင်ယာတော်လေးနဲ့ အတူတူသောက်ဖို့ အရက်အပျော့စားလေး ပြင်ထားခိုင်းလိုက်ပါ့မယ်.."

စစ်သူကြီးက ကုတင်ရှေ့ ခြေထောက်ချထားတဲ့ ကြင်ယာတော်လေးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။
အသင့်ပြင်ထားတဲ့ ရေနွေးကြက်သီးနွေးလေးတစ်ဝက်ဖြည့်ထားတဲ့ ဇလုံကို ဘေးနားဆွဲယူလိုက်ရင်း
ရေနွေးစွတ်ပြီးသား ပုဝါစအပါးလေးနှင့် ကြင်ယာတော်လေးခြေထောက်ကို ပတ်ပေးလိုက်သည်။

စစ်သူကြီးက တော်ရုံတန်ရုံဆို သူဘာကိုပဲ လုပ်လုပ် မြင်နိုင်စွမ်း မရှိတဲ့ ကြင်ယာတော်လေး လန့်သွားမှာစိုးလို့ အရင် အသံပြုလေ့ရှိပေမယ့်
ဒီနေ့ညကိုတော့ ကြင်ယာတော်လေးခြေထောက်ကို နှိပ်နယ်ပေးဖို့ ပြင်ဆင်ပေးနေမှန်းသိရင် ကြင်ယာတော်လေးက လက်မခံမှာစိုးလို့ ဘာမှ ပြောမနေတော့ဘဲ အရှေ့မှာ ချထားတဲ့ ခြေထောက်လေးတွေကို အသာထိန်းကိုင်ထားရင်း ပုဝါစလေးအရင်အုပ်ကာ ဖွဖွလေး နှိပ်နယ်ပေးနေလေရဲ့။

GRIEF//Mpreg//Where stories live. Discover now