Chapter_36

2.9K 421 81
                                    


ဒီနေ့အရေးအသားက Such a low quality ဖြစ်နေရင် တောင်းပန်ပါတယ်~
ကြယ် အိပ်ချင်နေပြီမလို့ပါ..
Goodnight~

___________U.N.I.C.O.D.E.______________

ကြင်ယာတော် သခင်လေးက အမြင်အာရုံတွေကို တော်တော်များများပြန်ရနေပြီဖြစ်သည်။
တစ်ခါတစ်လေ အာရုံစိုက်တာ များသွားတဲ့အခါတိုင်း ခေါင်းမူးလာတတ်တာကလွဲရင်
အကုန်အားလုံး ပြန်မြင်နေရပြီဖြစ်သည်။

ကြင်ယာတော်လေး အမြင်အာရုံတွေပျောက်ဆုံးသွားတော့
ယောင်း စိတ်ဝင်စားတဲ့ ဆေးပညာမှာ လစ်ဟင်းမသွားစေရအောင် အကိုဖြစ်သူက
ညနေခင်းတိုင်း သူ့စာလေ့လာပြီးတာနှင့်
ကလေးငယ်ငယ်လေးကို ရင်ဘတ်ထဲပွေ့၍
ဆေးကျမ်းတွေကို ဖတ်ပြလေ့ရှိသည်။

အကြားအာရုံရယ်၊ အထိအတွေ့ရယ်နှင့်သာ
အဓိက အားပြုခဲ့ရတာဖြစ်သောကြောင့်
တစ်ကယ် အပြင်မှာ ပြန်မြင်ရတဲ့အခါ
အများကြီး ကွာခြားနေတာဖြစ်သည်။

စာလုံး အက္ခရာတွေကို အကိုကြီးဖြစ်သူက
ကျောက်သားပြင်ပေါ်မှာ အသေးစိတ်ထွင်းပေးပြီး လေ့ကျင့်စေခဲ့သည်။

အကုန်လုံးက အသစ်နီးပါးပြန်ဖြစ်နေပေမယ့်
ကြင်ယာတော်လေး အဓိက အခက်တွေ့ရတာကတော့ အရောင်တွေဖြစ်သည်။
အမှောင်တောထဲမှာ အနေများခဲ့တာဖြစ်သောကြောင့် အရောင်တွေကို ပြန်တွေ့ရတာက အသစ်လိုဖြစ်နေပြီး နာမည်နှင့် တွဲမှတ်ရခက်နေလေသည်။

"ဒါက အနီရောင်~"

စစ်သူကြီးက ကြင်ယာတော်လက်လေးဆွဲပြီး
အိမ်တော်ထဲ လမ်းလျှောက်နေရာကနေ
ဘေးနားမှာ စိုက်ထားတဲ့ ဖယောင်းပန်းနီနီလေးကို ခူးလိုက်ပြီး ကြင်ယာတော်လေးရဲ့ နားရွက်မှာ ပန်ပေးလိုက်သည်။

"အခု မင်း မျက်နှာလေး ဖြစ်နေတာက ပန်းရောင်လို့ ခေါ်တယ်."

ကြင်ယာတော်လေးက အနောက်နားမှာ အခြွေအရံတွေလိုက်လာရဲ့သားနှင့်
နှစ်ယောက်ထဲရှိသလို ပြုမူနေသည့် ခင်ပွန်းသည်ကြီးကို မျက်လုံးလေးပြူးကြည့်ရင်း
ဆက်မပြောတော့ဖို့ တားပေမယ့်
ခင်ပွန်းသည်ကြီးကို နိုင်သောအခါရယ်လို့ မရှိခဲ့။

GRIEF//Mpreg//Where stories live. Discover now