Chapter_39

2.7K 424 65
                                    

____________U.N.I.C.O.D.E.__________



ကြင်ယာတော်လေး ပြန်သတိရလာတော့ အိပ်ခန်းကျယ်ကြီးထဲမှာ ဘယ်သူမှ မရှိဘူး။
အစေခံတွေက အပြင်မှာ ရပ်စောင့်နေပေမယ့် ခင်ပွန်းသည်ကြီးကတော့ ေပျာက်ချင်းမလှ၊ပျောက်နေခဲ့သည်။

"ယန်း?? အကိုတော်ရော?"

"သခင်ကြီး စာကြည့်ခန်းထဲမှာ ရှိနေပါတယ် သခင်လေး.."

ကြင်ယာတော်လေး​က ပြောပြောဆိုဆို အပေါ်ဝတ်ရုံကို ဝတ်လိုက်ပြီး အ​ဆောင်အပြင်ဘက်ကို ထွက်လိုက်သည်။
အိမ်တော်မှာ အကုန်လုံးက တိတ်ဆိ်တ်နေပြီး ကြင်ယာတော်လေးဘေးနားမှာ ခစားတဲ့ အစေခံတွေကလည်း နောက်တစ်ခေါက် ထပ်ပြောင်းသွားပြန်သည်။

စစ်သူကြီးက ကိုယ်လုပ်တော်ကျင်းကိစ္စနှင့် လူလဲလိုက်တဲ့အခေါက်က ဧကရာဇ်ဘက်က လွှတ်လိုက်တဲ့ သူလျှိုတွေပါလာတာဖြစ်သည်။

စစ်သူကြီးက သူပေါ့လျော့တာကြောင့် ကြားထဲက ကြင်ယာတော်လေး အန္တာရယ်ကြုံရတာမှန်း သိတာကြောင့် လုပ်ကြံသူတစ်စုကို ဖမ်းထားပြီး လူရာမဝင်အောင် အပြစ်ပေးထားဖို့ပြောထားသည်။

နန်းတွင်းထဲက အမှတ်အသားတတ်တူးပါသော လက်မောင်းတွေကို နန်းတွင်းဂိတ်ဝကို ပို့လိုက်လျင် ဒီလုပ်ကြံသူတွေ ဘာဖြစ်သွားလဲ ကောင်းကောင်းသိလိမ့်မည်။

စစ်သူကြီးကို ကြံစည်ချင်သူတွေ များမှန်းသိပါလျက် ကြင်ယာတော်လေးကို လာပြီး ထိလောက်တဲ့သူ မရှိဘူးဟု တွေးထင်မိတာက အမှားဖြစ်သည်။

စစ်သူကြီး ရှေ့တန်းတောင် မထွက်ရသေးဘူး၊ကြင်ယာတော်လေးရဲ့ အသက်ကို ဒီလိုခြိမ်းခြောက်နေပါက ရှေ့ဆက် ဘယ်လို လုပ်ရမလဲ!

စစ်သူကြီးကို ဒီလိုစိုးရိမ်စိတ်မျိုးဝင်ပြီး အမှားဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကို သိပေမယ့် ရင်ဘတ်ထဲ နွေးနွေးထွေးေထွးလေးထားထားတဲ့ ကလေးလေးကို ဒီလိုမ​ျိုး အလွယ်တကူခေါ်ထုတ်သွားလို့ရတယ်လို့် ပြောတာက ကြင်ယာတော်လေးရဲ့ အသက်ကို အချိန်မရွေး ဆွဲနှုတ်သွားလို့ ရတယ်ဆိုပြီး ခြိမ်းခြောက်နေတာဖြစ်တာကြောင့်
စစ်သူကြီးက ဒီစိုးရိမ်စိတ်ကို မဖျောက်ဖျက်နိုင်ခဲ့ဘူး။

GRIEF//Mpreg//Where stories live. Discover now