Chapter_55

2.3K 411 58
                                    

______________U.N.I.C.O.D.E._________

"ချစ်ရပါသော ​ချူချူရေ...

ဒီဘုရင်ရဲ့ နာမည်က ရှောင်းဟန်ရှင်းလို့ ခေါ်ပြီး မြောက်ပိုင်းဇာတိသူ မင်းအဖွားရဲ့ မျိုးရိုး နာမည် ရှောင်း၊တစ်ဦးတည်းသောရဲ့ ဟန် နဲ့ နတ်ဘုရားရဲ့ ရှင်း၊ ဆိုတဲ့"ရှောင်းဟန်ရှင်း" ဖြစ်တယ်။ဘွဲ့နာမည်က လီရှင်းဖြစ်ပြီး ဂျော်လာနမ်ဒိုတစ်ပြည်လုံးကို ဘုရင်ဘွဲ့ခံပြီး အုပ်ချုပ်တယ်။ဒီအဖေရဲ့ လက်အောက်မှာ စစ်သည် ခုနှစ်သောင်းရှိပြီး လေးပြည်နယ်မှာ ဒီဘုရင်ရဲ့ စစ်သည်အင်အားက အကောင်းဆုံးပါပဲ။ဒီလောက်ဆို မင်းရဲ့ အဖေဖြစ်ခွင့် ဒီဘုရင့်ကို ပေးနိုင်ပြီလား။"

စစ်သူကြီးက မမြင်ရသေးတဲ့ ကလေးလေးကို အိပ်ပျော်နေတဲ့ ကြင်ယာတော်လေးရဲ့ ဝမ်းဗိုက်သေးသေးလေးကို လှမ်းလှမ်းကြည့်ရင်း နှုတ်ဆက်လို့နေသည်။ကြင်ယာတော်လေးကို ရှေ့တန်းမထွက်မှီ နှုတ်ဆက်စာ ေရးခဲ့တုန်းက စစ်သူကြီးက "အကယ်၍ မပြန်လာခဲ့နိုင်သော်" ဆိုတဲ့ စိတ်ထားနဲ့ ရေးခဲ့ပေမယ့် သူ့ရင်သွေးလေးကို ရေးတဲ့စာကတော့ "ဒီဘုရင် ပြန်လာမှာကို စောင့်နေပါ" ဆိုတဲ့ သဘောမျိုးနဲ့ ရေးသားသည်။

ကြင်ယာ​တော်လေးကို မျက်စိမှိတ် ထားခဲ့ရရင်လည်း စိတ်ချ၊လက်ချဖြစ်အောင်လအကုန်စီစဥ်ပေးခဲ့ပေမယ့် ကလေးလေးပါ ရှိလာသည့်အခါ ခံစားချက်က မတူတော့ဘူး။ကွာရှင်းစာချုပ်မှာပါ လက်ထပ်ရေးထိုးပေးခဲ့တဲ့အထိ အဆိုးဆုံးကို ပြင်ဆင်ပေးခဲ့ပေမယ့်
ကလေးလေး ရှိလာတဲ့အခါ ကြင်ယာတော်လေးကို တစ်ယောက်တည်း မထားခဲ့နိုင်တော့ဘူး။

ခင်ပွန်းသည်လေးက ကလေးကို တစ်ယောက်တည်း မွေးရသည်ဆိုတာကို တွေးကြည့်ရုံနှင့်တင် ရင်ဘတ်ထဲက တဆစ်ဆစ်နာရသည့်ကြားထဲ ထိုကလေးလေးကို တစ်​ယောက်တည်း ပြုစုရမှာ သနားဖို့ကောင်းလွန်းလှတာကြောင့် စစ်သူကြီးက စိတ်မအေးနိုင်ဖြစ်ပြီး အသက်ရှင်လျက် ပြန်ကို၊ပြန်လာမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ဖခင်တစ်​ယောက်ရဲ့ ချစ်​ခြင်းတွေနှင့် မမြင်ရသေးသည့် ကလေးလေးကို ချည်နှောင်မိသည့် မေတ္တာတရားတွေကြောင့် စစ်သူကြီးက ဝေးကွာသွားရသည့်အချိန်လေးအတွင်း ဘေးနားမှာ ဂရုတစိုက် မရှိနေပေးနိုင်တာကြောင့် အားနာရသည့် သဘောမျိုးနှင့်သာ စာကို ရေးခဲ့သည်။

GRIEF//Mpreg//Where stories live. Discover now