Chapter_23

2.6K 397 23
                                    

ကြင်ယာတော်လေးက စကားပြောရတာမောသည့်ဟန်နှင့် လှဲချလိုက်ဖို့ ပြင်သည့်အခါ သမားတော်ကြီးက အလိုက်တသိနှင့် ထွက်သွားခဲ့သည်။
အခုထက်ထိ သူ့လက်ကလေးကို ခပ်တင်းတင်းလေးကိုင်ထားတဲ့ စစ်သူကြီးရဲ့ လက်ဖဝါးအကြီးကြီးကို နှုတ်ခမ်းနားအထိ ဆွဲယူပြီး နှုတ်ခမ်းသားတွေနှင့် ဖိကပ်ချပစ်လိုက်သည်။

သခင်ကြီး မသိအောင် လုပ်လုပ်နေကြ အပြုအမူလေးဖြစ်သည်။
ယောင်းတစ်ယောက်တည်း အတွက် တိုင်းပြီး ချုပ်ထားပေးတဲ့ အနွေးထည်လေးလိုမျိုး
စစ်သူကြီးက ယောင်းရဲ့လက်ကလေးကို ကိုင်လိုက်တဲ့အချိန်တိုင်း နွေးထွေးသွားသလိုခံစားရသည်။
လက်ဖျားလေးတွေပါ ပျောက်သွားအောင် ဆုပ်ကိုင်နိုင်သည့် လက်ဖဝါးအကြီးကြီးတွေက ကြင်ယာတော်လေး မျက်လုံးမမြင်ရရင်တောင် ခင်ပွန်းသည်ကြီးမှန်းသိစေမည့်
အမှတ်အသားတွေလို။

စစ်သူကြီးရဲ့ တစ်ကိုယ်လုံးမှာ ကြင်ယာတော်လေး အချစ်ဆုံးက ဒီလက်ဖဝါးအကြီးကြီးတွေပင်။

"ယောင်း~~ကိုယ်တော့်ကလေးလေးရေ~"

ရိုးရှင်းစွာတိုးတိုးလေး ရေရွတ်လိုက်သံမှာပဲ စစ်သူကြီးရဲ့ အသံက နာကျင်စွာ ကွဲအက်လို်နေသည်။

"အိပ်မောကျနေတာဆို အရှင်ရယ်"

ကြင်ယာတော်လေးက မထိန်းလိုက်နိုင်စွာပဲ
မျက်ရည်ပူတို့ အသံတိတ်စီးကျသွားတော့သည်။
ဘာတွေများ အိမ်မက်မက်နေပြန်လို့
သတိလက်လွတ် ရေရွတ်မိသလဲ မသိတဲ့
ခင်ပွန်းသည်ကြီးကို ကြင်ယာတော်လေးက သနားကရုဏာသက်စွာပဲ
စစ်သူကြီးရဲ့ ခေါင်းကို လက်ကလေးနှင့်အသာမယူပြီး ရင်ဘတ်သေးသေးလေးထဲ သွတ်သွင်းလိုက်သည်။

ကြင်ယာတော်လေးရဲ့ ကိုယ်ငွေ့က စစ်သူကြီးလောက် မနွေးထွေးသောကြောင့်
ကြင်ယာတော်လေးက သူညဘက်အိပ်မပျော်တဲ့အချိန်တိုင်း စစ်သူကြီးက ထွေးပွေ့ပေးထားသလို နွေးပြီး ပြန်အိပ်ပျော်သွားပါ့မလား မသေချာဘူး။

ဒါပေမယ့် စစ်သူကြီးက သူ့မျက်နှာနဲ့ အနီးဆုံး တစ်နေရာကနေ ရင်းနှီးနေကြ
အသံတိုးတိုးလေးနှင့် အားပျော့ပျော့လေး ခုန်နေတဲ့ နှလုံးခုန်သံလေးကို ကြားလိုက်ရတဲ့အခါ ကြင်ယာတော်လေး ဘေးနားမှာရှိနေသေးတယ်ဆိုတဲ့ ခံစားချက်နဲ့
နာကျင်နေတဲ့ နှလုံးသားတစ်စုံက တဖြည်းဖြည်းနဲ့ ပြန်လည်ငြိမ်သက်လို့လာသည်။

GRIEF//Mpreg//Where stories live. Discover now