Chapter_53

2.1K 392 101
                                    

စစ်သူကြီးက နည်းနည်းလေးတောင် မရှင်းပြဘဲ ကြင်ယာ​တော်လေးကို ဆွဲခေါ်သွားတာကြောင့် ဘာတစ်ခုမှ မသိတဲ့ ဆော့နဲ့ သမားတော်ကြီးပဲ ဆေးသမားဆောင်ထဲမှာ ကျန်ရစ်ခဲ့တော့သည်။

"ကျောင်းသားကို ဘုရင်ရှင်းက ဘာလို့်ခေါ်သွားတာလဲ!"

ထိုမျက်လုံးအပြာနှင့် ကျောင်းသားလေးက ဝင်ခွင့်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနှင့် ဝင်ခွင့်ရသော ကျောင်းသားဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်ရေးမှာသာ အောင်မြင်ရင် ဒုတိယအဆင့်သမားတော်အနေဖြင့် တစ်ခါတည်းင ခန့်အပ်ခြင်း ခံရမည့်သူလေးဖြစ်သည်။

"ဘုရင်ရှင်းရဲ့ သတို့်သား ကြင်ယာ​တော်ပဲ! သခင်ကြီးက ရှောင်းအွန်ယောင်းနာမည်နဲ့ ဝင်ခွင့်လျှောက်ရင် ပယ်ချဖို့် မိန့်ထားတယ်မဟုတ်ဘူးလား!"

"ရှောင်းမျိုးနွယ် မဟုတ်ဘူး! ဂင်မျိုးနွယ်နဲ့!"

သမားတော်ကြီးက သေချာအောင် လျှောက်လွှာကို နောက်တစ်ခေါက်ပြန်စစ်ကြည့်လိုက်သည်။ဘုရင်ရှင်းရဲ့ ကြင်ယာတော်နှင့် နာမည်ဆင်တူပေမယ့် ဂင်မျိုးနွယ်ဖြစ်တာကြောင့် နှစ်ခါ မစုံစမ်းခဲ့ဘူး။ပြီးတော့ စစ်သူကြီးရဲ့ ကြင်ယာတော်က မျက်မမြင်တစ်ယောက်ဆိုတာ တစ်နယ်လုံး သိသည့်အခြေအနေ။

"စစ်သူကြီးက ခွင့်ပြုမှာ မဟုတ်ဘူး!သမားတော်ကြီးဘာသာ လူအသစ်ထပ်ရွေးလိုက်တော့!"

ဘုရင်ရှင်းကိုယ်တိုင်က ဆေးသမားတော်အဆောင်အထိ အလောတကြီး လိုက်လာပြီး လာခေါ်ရသည့်အထိ အရေးကြီးသော ထိုအမျိုးသားကို ဘယ်လိုနည်းနှင့်မှ အန္တာရယ်များသော ရှေ့တန်းကို ခေါ်သွားမှာ မဟုတ်တာ သေချာနေပြီဖြစ်တာကြောင့် သမားတော်ကြီးက ကြင်ယာတော်လေးရဲ့ အရည်အချင်းအတွက် နှမြောမိပေမယ့် လက်လျော့လိုက်ရတော့သည်။

"ဆော့ရေ!မြန်မြန်လာစမ်း!"

သမားတော်ကြီးက ကြင်ယာတော်​ေလး အပြင်ဖြေနှင့် ဖြေထားသော စာမေးပွဲ အဖြေလွှာကို ပြန်စစ်ကြည့်နေတုန်း ဝုန်းဒိုင်းကြဲပြီး ပြန်ဝင်လာသော စစ်သူကြီးရဲ့ အော်သံကို ကြားလိုက်ရသည်။အော်သံနှင့်အတူ သမားတော်​ဆောင်အတွင်းထဲထိ ဝင်လာသော စစ်သူကြီးရဲ့ လက်မောင်းတွေကြားမှာ အပေါ်ဝတ်ရုံနှင့် လုံးထားပြီး သတိမေ့မြောနေတဲ့ ကြင်ယာတော်လေးကို တွေ့လိုက်ရသည်။အရမ်းကိုမှ ဖြူဖျော့နေပြီး မျက်ကွင်းတွေပါ ကျသွားသည့် ကြင်ယာတော်လေး​က ပင်ပန်းလွန်းနေဟန်ပေါက်သည်။

GRIEF//Mpreg//Where stories live. Discover now