Chapter_37

2.8K 447 96
                                    

Rest in peace Mirae!

___________U.N.I.C.O.D.E.___________


စစ်သူကြီးက နှစ်ကုန်တိုင်း မြောက်ပိုင်းနယ်စပ်ကို ထွက်ပြီး ကျူးကျော်သူတွေကို သွားရောက်ဖြေရှင်းလေ့ရှိပေမယ့်
ဒီနှစ်တော့ ကြင်ယာတော်လေး နေကောင်းစဖြစ်သေးတာကြောင့်ရယ်၊
အိမ်နီးချင်းနိုင်ငံအသေးလေးကို ကိုင်တွယ်စရာတစ်ခုရှိ​သေးတာကြောင့်
စစ်သူကြီးက သူကိုယ်တိုင် မလိုက်သွားတော့ဘဲ လက်ထောက်စစ်သူကြီးကို
နယ်စပ်စောင့်ရှောက်ရေး စစ်သေနာပတိခန့်လိုက်ပြီဖြစ်သည်။

စစ်သူကြီးက မြောက်ပိုင်းဒေသကို အထူးကျွမ်းကျင်သူဖြစ်တာကြောင့်
အရပ်သားတွေ မထိခိုက်ရအောင် အဓိက ဦးစားပေးသွားဖို့ မှာရင်း အစည်းအဝေးတစ်လျှောက် နယ်မြေကျွမ်းကျင်အောင်ပါ. ​မြေပုံခင်းရင်း စစ်ရေးစစ်ရေ ဆွေးနွေးနေတာကြောင့်
အပြင်မှာ စောင့်နေရသော ကြင်ယာတော်လေးက တစ်ယောက်တည်း ပျင်းနေပြီဖြစ်သည်။

စပြီးလက်ထပ်ကတည်းက ကြင်ယာတော်လေးကို မျက်မမြင်ကြင်ယာတော်လေးဟု အသိများပြီး
စစ်သူကြီးက အပြင်သွားလျင် ကြင်ယာတော်လေးရဲ့ မျက်နှာကို ပုဝါစနှင့် ဖုံးအုပ်ခိုင်းထားလေ့ရှိတာကြောင့် စစ်ရေးလေ့ကျင့်ကွင်းမှာ
ပုဝါစတစ်စနှင့် ဖုံးကွယ်ထားသော သူသာ ရှိမည်ဆိုလျင် ကြင်ယာတော်လေးသာ ဖြစ်မည်ဖြစ်ကြောင်း သိထားပြီးပြီဖြစ်သည်။

စစ်ရေးလေ့ကျင့်ကွင်းကို ခင်ပွန်းသည်ကြီးနှင့် အတူလာတိုင်း
အပြင်ထွက်လိုက်တာနှင့် စစ်သူကြီးရဲ့ကြင်ယာတော်လေးကို တွေ့တာနှင့် တွေ့သောရဲမက်များက စစ်သူကြီးကို အရိုအသေပေးသကဲ့သို့ပင် မြေကြီးပေါ်ဒူးထောက်ပြီး နေရာဖယ်အရိုအသေပေးကြသောကြောင့်
ကြင်ယာတော်လေးက နေရခက်ပြီး
ခင်ပွန်းသည်ကြီး မလာမချင်း စစ်သူကြီးရဲ့ အခန်းထဲမှာပဲ စောင့်နေလေ့ရှိသည်။

ဒါပေမယ့် ဒီတစ်ခေါက်ကတော့ တော်တော်လေးကြာနေပြီဖြစ်သည်။
စစ်ရေးလေ့ကျင့်ကွင်းမှာတောင်
လေ့ကျင့်နေသည့်ရဲမက်များ မရှိတော့တာကြောင့် ကြင်ယာတော်လေးက အပြင်ထွက်ပြီး စစ်ရေးလေ့ကျင့်ကွင်းဘက်ကို ထွက်လာလိုက်သည်။

GRIEF//Mpreg//Where stories live. Discover now