Chapter_32

2.7K 408 83
                                    

______________U.N.I.C.O.D.E_________

စစ်သူကြီးက အကြာကြီး အိပ်နေခဲ့တာကြောင့် ေခါင်းကမူးပြီး ရီဝေဝေဖြစ်နေခဲ့သည်။
အိပ်ဆေးရဲ့အရှိန်က မပြယ်သေးတာ​ကြောင့် ခေါင်းမူးတာ၊နုံးချိတာမျိုး ဖြစ်တတ်တာက ပုံမှန်ပေမယ့် ကြင်ယာတော်လေးက စိုးရိမ်ပြီး
သမားတော်ကြီးကို လာကြည့်ခိုင်းခဲ့သည်။

သမားတော်ကြီးကိုရော၊စစ်သူကြီးကိုရော အကိုတော်ရဲ့ လက်က ဘာဖြစ်တာလဲ မေးပေမယ့် ဘယ်သူမှ ပြန်မဖြေကြဘူး။

အမှောင်ရယ်၊အလင်းရယ်သာ မြင်ရတော့တာမဟုတ်ဘဲ ပုံရိပ်တွေကို ခပ်ဝါးဝါးသာ မြင်နေရပြီဖြစ်တဲ့ ကြင်ယာတော်လေးက
စစ်သူကြီးရဲ့ ဒဏ်ရာကို ပတ်တီးလဲပေးတဲ့အခါ အနာက လက်ဖျံတစ်လျှောက်လုံး ဓားနဲ့မွှန်းထားသလိုမျိုးပဲဆိုတာ တွေ့လိုက်ရသည်။

ခင်ပွန်းသည်ကြီးအတွက် ဒီဒဏ်ရာက ဘာမှမပြောပလောက်ပေမယ့် ကြင်ယာတော်လေးက စိုးရိမ်နေတုန်းဖြစ်သည်။
သမား​တော်ကြီး ပြန်သွားတဲ့အထိတောင်
ကြင်ယာတော်လေးက ခင်ပွန်းသည်ကြီးရဲ့ လက်ကို လှုပ်လှုပ်ရှားရှားမလုပ်ခိုင်းသေးဘူး။

အမှန်ပြောရရင် ခင်ပွန်းသည်ကြီးရဲ့ဒဏ်ရာက လက်ဖျံတစ်လျှောက်လုံး အနာက မွစိထိုးနေပြီး အရေခွံကို ဆွဲလန်ထားသလိုမျိုးဖြစ်နေတာကြောင့် အနာကျက်ရန်ကြာနေတာသာဖြစ်ပြီး ဖိမိရင်တောင် နာကျင်တဲ့ ဒဏ်ကို မခံစားရတော့ဘူး။

ဒါပေမယ့် စစ်သူကြီးက ကြင်ယာတော်လေး သူ့ကို အလိုလိုက်တာကို ကြည့်ချင်သေးတာကြောင့်

"အနာက နာလိုက်တာ ကလေးလေးရယ်..."

ဆိုပြီး တိုးတိုးလေးငြီးပြတဲ့အခါ မျက်လုံးလေးပြူးလာပြီး ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်နေတဲ့ ကြင်ယာတော်လေးကို ကြည့်ပြီး

'အချစ်ခံရတာ ဒါမျိုးပါလား' ဆိုပြီး
စစ်သူကြီးက ပျော်ရွှင်​နေခဲ့သည်။

"ဘာတွေများ ဖြစ်ရတာလဲ လူကြီးမင်းရယ်၊
ယောင်း ဆေးလိမ်းပေးရမလား.."

"မသိပါဘူးကြင်ယာတော်..
လက်ချောင်းလေးတွေက ကိုက်နေတယ်!"

ဆောင်းရာသီဒဏ်ကြောင့်ပဲလားမသိ၊
အနာရှိန်နှင့် ကိုက်ခဲနေသည်​​့ ခင်ပွန်းသည်ကြီးရဲ့ လက်ဖဝါးကို ဆွဲယူလိုက်ပြီး
ကြင်ယာတော်လေးက ခပ်ဖွဖွ ဆွဲနှိပ်ပေးနေသည်။

GRIEF//Mpreg//Where stories live. Discover now