Chapter_41

2.6K 397 47
                                    

"An eye for an eye,a tooth for a tooth"

____________U.N.I.C.O.D.E.___________


ယောက္ခမဖြစ်သူ ရောက်လာတာနှင့် အတူ
ကြင်ယာတော်လေးက မတရားခံခဲ့ရမှုကို
ထုတ်မပြောမိစေဖို့ ခြိမ်းခြောက်ခံခဲ့ရသည်က ပေါ်လာတော့သည်။
သွေးနှောဆိုတာကြောင့် အနိုင်ကျင့်ခံခဲ့ရသည်က ဂင်အိမ်တော်ရဲ့ အစေခံတွေ ဖွင့်ဟဝန်ခံချက်နှင့် သက်သေပြပြီးသားဖြစ်သည်။

"ဂင်မီရေးက ကြင်ယာတော်လေးကို ရည်ရွယ်ချက်ရှိရှိနှင့် နာကျင်စေခဲ့တာကြောင့် မျက်လုံးအတွက် မျက်လုံး၊သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ တစ်သက်လုံး အမြင်အာရုံမဲ့စွာ နေသွားပြီး
ကြင်ယာတော်လေးကို နာကျင်စေခဲ့တာကို
ပြန်လည် သုံးသပ်နိုင်မယ်လို့ ရည်ရွယ်ပါတယ်.."

"သွေးနှောဖြစ်တာကြောင့် နစ်နာစေခဲ့တယ်ဆိုတာကလည်း သက်သေထင်ရှားတာကြောင့် သခင်မ ဂင်မီရေးက မိခင်တစ်ယောက် မဖြစ်ထိုက်ဘူးလို့ ယူဆနိုင်ပြီး
နောက်မျိုးဆက် ကလေးတွေအပေါ် အတွေးအမှားတွေ သင်ပေးမှာကို ကာကွယ်သောအားဖြင်​့ ကလေးတွေ အရွယ်ရောက်ပြီး အမှား၊အမြင် ခွဲခြားနိုင်မှသာ တွေ့ခွင့်ပေးရမည်"

အရွယ်ရောက်သော အချိန်ဆိုတာက ဆယ့်သုံးနှစ်အရွယ်ကို ပြောတာဖြစ်ပြီး သားအကြီးဆုံးလေးက အခုမှ ခုနှစ်နှစ်ထဲ ဝင်ကာစဖြစ်သည်။
သမီးအငယ်ဆုံးလေးကတော့ အခုမှ တစ်နှစ်ပြည့်ရုံလေး။
နန်းတွင်းထဲ မမြင်သင့်ရာ ​မြင်မိပြီး၊မကြားသင့်ရာ ကြားမိသောသူတွေကို တိုက်သော အဖြူရောင်အဆိပ်မျိုးက မျက်လုံးအာရုံတွေကို ကွယ်ပျောက်စေနိုင်ပြီး ဖြေဆေးဟူ၍လည်း မရှိ။
ထိုသို့သော အဆိပ်သောက်ပြီး တစ်သက်လုံး မျက်မမြင်ကဲ့သို့ အသက်ရှင်သွားရမည်ဆိုတာကိုတောင် တစ်ချက် အပြုံးမပျက်ခဲ့ပေမယ့် ဂင်သခင်မက ကလေးတွေနှင့် တွေ့ခွင့်မရဘူးဆိုတာနှင့် ဝမ်းနည်းပက်လက် ငို​ကြွေးတော့သည်။

ကြင်ယာတော်လေး နာကျင်ခဲ့ရသမျှ ပြန်လည်အစားထိုးပေးနိုင်မည်ဟု မရည်ရွယ်ပေမယ့် စစ်သူကြီးကတော့ ကြင်ယာတော်လေးကို ဆုံးရှုံးလိုက်ရမတတ် ဖြစ်ခဲ့တာကို ပြန်တွေးကြည့်မိရင် အပြစ်ဒဏ်က နည်းနေသေးသည်ဟု ဆိုနိုင်သည်။

GRIEF//Mpreg//Where stories live. Discover now