Chapter_38

2.6K 396 60
                                    

______________U.N.I.C.O.DE.___________


"ကြင်ယာတော်လေး~စစ်သူကြီးက ပြန်ကြရအောင်တဲ့!"

ကြင်ယာတော်လေးဟာ မြေပြင်ပေါ် တစစီကြွေကျနေခဲ့တဲ့ ကောက်ရိုးမျှင်လေးတွေကိုကြည့်ရင်း ဝမ်းနည်းပက်လက်ငိုကြွေးခဲ့သည်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖခင်ဖြစ်သူဝန်ကြီးချုပ်ကြီးဟာ တခြားအမတ်တစ်ယောက်ရဲ့ အပုတ်ချမှုကြောင့် နန်းတွင်းအပျိုတော်တစ်ဦးနှင့် သမုတ်ခံခဲ့ရသည်။

အမေဖြစ်သူကရော၊ပတ်ဝန်းကျင်ကပါ မယုံခဲ့တဲ့ အချိန်မှာ ယောင်းတစ်ယောက်ကတော့ ယုံကြည်သည်။
ဖခင်ဖြစ်သူဟာ ဘယ်သောအခါမှ ထိုသို့ပြုလုပ်လိမ့်မည်မဟုတ်။

မိဘက သဘောတူခဲ့သော မေမေကြီးအပေါ်တွင်လည်း သစ္စာစောင့်သိသူဖြစ်ပြီး
ေယာင်းရဲ့မေမေအပေါ်တွင်လည်း ကတိစောင့်ထိန်းခဲ့သူတစ်ယောက်။

ယောင်းရဲ့ မေမေအပေါ်မှာ မြတ်နိုးစွာ ချစ်မြတ်နိုးခဲ့သည်က အပြစ်တစ်ခုဟု သတ်မှတ်လျှင် ထိုအပြစ်အတွက် ဖေဖေက တစ်သက်လုံး အပြစ်ခံယူခဲ့သူ။

တစ်သက်လုံးမှာ အချစ်ရဆုံး ထိုအမျိုးသမီးက မျက်စိအရှေ့တွင် မတရားစွာ သေဆုံးခဲ့ရသော်လည်း ဖခင်ဖြစ်သူက မေမေကြီးအပေါ်မှာ မတရားဖြစ်မည်စိုးလို့ ဝမ်းနည်းပက်လက်တောင် ငိုကြွေးခွင့်မရခဲ့ဘူး။
ဘယ်သူမှ မရှိတော့တဲ့အချိန်မှ မှောင်မိုက်နေတဲ့ အခန်းငယ်လေးထဲမှာ
ထိုအမျိုးသမီးရဲ့ အေးစက်နေတဲ့ ကိုယ်လုံးလေးကို ထွေးပွေ့ရင်း အသံတိတ်ငိုကြွေးသည်။

ယောင်းလေးအပေါ်တွင်လည်း မိတဆိုးလေးမလို့ အကြင်နာပိုခဲ့ရသူ။
ထိုကဲ့သို့သော ဖခင်က သားငယ်ဖြစ်သူအပေါ်တွင်လည်း နှစ်ခါထပ်တူလုပ်ကြံမှုမျိုးခံရလိမ့်မည်ဟု ထင်မှာမဟုတ်ဘူး!

ဲငယ်ရွယ်သေးသော ယောင်းသခင်လေးရဲ့ အဆိပ်မိမှုဟာ မေမေကြီးရဲ့ သစ္စာဖောက်ခံရမှုရဲ့ စိတ်ပြေရာဖြစ်စေပြီး

သွေးနိမ့်တစ်​ယောက်ဖြစ်ပါရဲ့
အထက်တန်းလွှာဖြစ်သော ယွန်းအိမ်တော်ရဲ့ သမီးဖြစ်သူနှင့် ဆေးပညာအတူတူသင်ယူရသည်ကိုလည်း မနှစ်သက်သော မရီးဖြစ်သူအတွက် မျက်လုံးကွယ်ပေးခဲ့ရသည်။

GRIEF//Mpreg//Where stories live. Discover now