Chapter_54

2.3K 415 92
                                    

_____________U.N.I.C.O.D.E.__________

စစ်သူကြီးရဲ့ အချိန်တော်တော်များများက စစ်ရေးလေ့ကျင့်ခြင်းနှင့် စစ်ရေးဗျူဟာ လေ့လာခြင်းတွေအတွက်သာ ကျန်ရှိတော့ပြီး ယော့ဆူက တပ်ရင်းတစ်ခုလုံးက ရှေ့တန်းထွက်ဖို့်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

စစ်သူကြီးက ကြင်ယာတော်လေး နိုးလာရင် တစ်​ယောက်တည်းဖြစ်နေမှာ စိုးသောကြောင့် ဂရင်းဂျာကို စာအုပ်တစ်အုပ် ယူခိုင်းလိုက်ပြီး ကြင်ယာ​တော်လေးကို ဖက်ထားရင်းနဲ့ စစ်ရေးဗျူဟာတွေ လေ့လာနေခဲ့သည်။

ကြင်ယာတော်လေးက အိပ်နေတဲ့အချိန် စစ်သူကြီးက အတွေးမများအောင် စာအုပ်ထဲ အာရုံစိုက်ထားဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ အာရုံမစိုက်နိုင်ခဲ့ဘူး။ကြင်ယာ​တော်လေးရဲ့ သဘောတူညီချက်လည်း မရဘဲ စစ်သူကြီးရဲ့ အဖွားဖြစ်သူက ဆေးခတ်လိုက်တာကြောင့် ခင်ပွန်းသည်လေးက ကိုယ်ဝန်လွယ်ထားပေးရပြီး စစ်သူကြီးကလည်း ဘေးနားမှာ မရှိပေးနိုင်တဲ့အချိန် ဘယ်လောက်ကြာမည်မှန်းလည်း မသိဘဲ တစ်​ယောက်တည်း ပင်ပန်းနေရမှာ ဖြစ်သည်။

ကြင်ယာတော်လေးက အခုမှ ဆယ့်ရှစ်နှစ်ထဲ ဝင်ကာစဖြစ်ပြီး သားဦးလေးကို တစ်ယောက်တည်း မွေးရမှာ အရမ်းရက်စက်လွန်းရတာတော့ ​ရောက်မည်။ကြင်ယာတော်လေးက ကြောက်သည်ဆိုလျင် ဗိုက်ထဲက ကလေးလေးအတွက် အရမ်းရက်စက်လွန်းမည်ဆိုပေမယ့် ဒီဘုရင်က ကြင်ယာ​တော်လေးအတွက်တောင် ခင်ပွန်းသည်ကောင်း တစ်ယောက် မလုပ်နိုင်ဘဲ ကလေးလေးအတွက် ဖခင်ကောင်းတစ်ယောက်အမည်ခံမဖြစ်နိုင်ဘူး။

ကြင်ယာတော်လေးတစ်ယောက်တည်းကို ပိုင်ဆိုင်ခွင့်ရနေသည်ကပင် စစ်သူကြီးအတွက် အရမ်းလောဘကြီးရာ ရောက်နေပြီဖြစ်သည်။စစ်သူကြီးက စာအုပ်ကို ချလိုက်ပြီး စောင်အောက်ထဲ ထည့်ထားပေးတဲ့ ကြင်ယာတော်လေးရဲ့ လက်ကလေးကို ဆွဲထုတ်လိုက်ပြီး သွေးကြောလေးကို ရှာဖွေလိုက်သည်။

စစ်သူကြီးက အိမ်ပြန်ချိန်တိုင်း ကြင်ယာတော်လေးရဲ့ ကျန်းမာရေးအခြေအနေကို အမြဲစစ်ဆေးနေကြဖြစ်ပြီး ဘယ်သောအခါမှ အသက်ဝင်နေပြီဖြစ်တဲ့ သွေးခုန်နှုန်းသေးသေးလေးကို မစမ်းကြည့်မိခဲ့ဘူး။

GRIEF//Mpreg//Where stories live. Discover now