Chapter_58

1.8K 322 30
                                    

In another life
I would be your girl
We'd keep all our promises
Be us against the world
In another life
I would make you stay
So I don't have to say you were
The one that got away
The one that got away

______________U.N.I.C.O.D.E._______


စစ်သူကြီး မြို့တော်ရင်ပြင်ရောက်တော့ တပ်ရင်းတစ်ခုလုံး နီးပါး ရောက်ရှိနေပြီဖြစ်ပြီး အကုန်လုံးက ကိုယ့်အစုနှင့်ကိုယ်၊ ကိုယ့်အာရုံနှင့် ကိုယ် ဖြစ်သည်။စစ်သေနာပတိက မြို့ပြင်အထွက်အထိ ရှေ့ဆုံးက ဦးဆောင်လို့ အရိုအသေအပေးခံမည်ဖြစ်ပြီး စစ်သူကြီးရဲ့ နောက်မှာမှ လက်ထောက်စစ်သူကြီးနှင့် ဘုရင်ရှင်းကိုယ်တိုင် ခန့်အပ်ထားသော စစ်သူကြီးတို့က အနောက်က လိုက်ပါလာမည်ဖြစ်သည်။ဘုရင်ရှင်းက ထွက်လာသည့် အချိန်စောနေသေးသည်ဖြစ်တာကြောင့် မြို့တော်ခန်းမထဲ ဝင်ပြီး အခြေအနေတွေကို တစ်ချက်ပြန်စစ်ကြည့်နေသည်။

ခြေလျင်တပ်စုတိုင်းကို တပ်စုမှူးက ဦးဆောင်ရင်း၊ စစ်သူကြီးက​ေန လက်ထောက်စစ်သူကြီး၊ဗိုလ်မှူးကြီး၊ဗိုလ်မှူး၊ဗိုလ်ကြီး၊တပ်စုမှူးအထိ အဆင့်ဆင့်အုပ်ချုပ်ပြီး တပ်ရင်းတစ်ခုလုံးက ဘုရင်ရှင်းရဲ့ အမိန့်ကို နာခံရသည်။

စီတန်းနေကြသော ရဲမက်များက ကိုယ့်အစုနှင့် ကိုယ်ရှိနေသေးကြပြီး ဘေးနားပတ်ဝန်းကျင်မှာ စစ်ထွက်ခါနီး ခင်ပွန်းသည်ကိုဖြစ်ဖြစ်၊ချစ်သူရည်းစားကိုဖြစ်ဖြစ်၊အကိုမောင်ကိုဖြစ်ဖြစ်၊ဖခင်အိမ်ဦးစီးကိုဖြစ်ဖြစ် လာနှုတ်ဆက်ကြသူများပြီး အားစိုက်နားထောင်ကြည့်လျင် ငိုရှိုက်သံသဲ့သဲ့တို့ကိုပါ ကြားနိုင်သေးသည်။

စစ်သူကြီးက အရာအားလုံးကို မမြင်ချင်ယောင်ဆောင်ပြီး ေမြပုံထဲဝယ် နောက်ထပ်တစ်ခေါက်ခေါင်းနှစ်လိုက်သည်။အသက်နှင့်ရင်းပြီး ဆော့ကစားရမည့် ထိုကစားပွဲမှာ စစ်သူကြီးက အိမ်တော်မှာ ကျန်ခဲ့မည့် ကြင်ယာတော်လေးအတွက် စိတ်ပူတုန်းဖြစ်သည်။

ချူချူလေးရောက်ရှိလာတာက အမှတ်မထင်ဖြစ်လာပေမယ့် အရာအားလုံးက စစ်သူကြီး စီစဥ်ထားသည့်အတိုင်းပဲ သွားမည်ဖြစ်သည်။စစ်သူကြီးက သူစီစဥ်ထားတာတွေ တစ်ချက်မလွဲသွားရလေအောင် လူယုံတော် ဘုံကိုတောင် ရှေ့တန်းအထိ မခေါ်သွားဘဲ ကြင်ယာတော်လေး ဘေးနား ထားခဲ့တာဖြစ်သည်။

GRIEF//Mpreg//Where stories live. Discover now