Chapter_66

2K 338 40
                                    

သခင်လေး မင်ဂျွန်းရဲ့ မျက်လုံးလေးတွေက တလက်လက်တောက်ပလို့ ကြင်ယာတော်လေးရဲ့ ကလေးလေးကို စိတ်ဝင်တစားရှိလို့နေသည်။

"ကလေးလေးက နာမည် ဘယ်လိုခေါ်လဲ!"

"ချူချူ"

ကြင်ယာတော်လေးက ထိုင်နေတာ ကြာပြီဖြစ်တာကြောင့် ခါးလေးကို မတ်မတ်မထိုင်နိုင်တော့ဘဲ ထိုင်ခုံနောက်ကျောကို မှီလို့ ထိုင်နေရသည်။အခန်းက အပူပေးထားတာကြောင့် အကြာကြီး ထိုင်နေရတဲ့အခါ လှုပ်လှုပ်ရှားရှားလည်း မရှိတာကြောင့် ချွေးလေးတွေပင် စို့လာတာကြောင့် အပေါ်ဝတ်ရုံပွပွကို ချွတ်လိုက်ရပြီဖြစ်သည်။ဝတ်ရုံထူထူကြီးက ကာမနေတော့တာကြောင့် ငွေရောင်ဘောလုံးကလေးက အတွင်းဝတ်ရုံလေးထဲကနေ ထိုးထွက်လို့နေသည်။

"ကျွန်တော့်ကို ပေးမလား"

"ဘုံ!"

ကြင်ယာတော်လေးက သူ့ဗိုက်ကလေးကို ပြန်ဖွက်လိုက်ရင်း ဘုံ့ကို အော်ခေါ်လိုက်တော့ ငြိမ်ပြီး ထိုင်နေတဲ့ ကိုယ်လုပ်တော်လေးက မော့ကြည့်လာပြီး ပြဿနာရှာထားသူ သခင်လေး မင်ဂျွန်းကတော့ ခိုးခိုးခိခိရယ်နေလေသည်။

"မင်ဂျွန်းလေးမှာ အငယ်မရှိလို့်ပါ"

သခင်လေး မင်ဂျွန်းက ရေနွေးခရားကိုတော့ ကိုင်ပြီး ကောင်းကောင်းမငဲ့တတ်သေးတာကြောင့် ရေနွေးငှဲ့ပေးမယ့်အစား မုန့်တစ်ခုကိုပဲ ကြင်ယာတော် သခင်လေးဘက်ကို တိုးပေးလိုက်သည်။ကြင်ယာတော်လေးကတော့ သူ့ကလေးလေးကိုမှ မျက်စောင်းထိုးနေတဲ့ မင်ဂျွန်းကို မျက်မှောင်ကုတ်လို့ ကြည့်နေပေမယ့် သဘောတကျရယ်နေတဲ့ မင်ဂျွန်းက သိပ်ကိုမှ ချစ်ဖို့ကောင်းတာကြောင့် မင်ဂျွန်းလက်ထဲက ကြာဖြူမုန့်ကလေးကို လှမ်းယူလိုက်သည်။

"မ!ပေး!ဘူး!"

ကြင်ယာတော်လေးနဲ့ ဘုရင်ရှင်းက အချိန်အကြာကြီး အတူရှိခဲ့သောကြောင့်ဖြစ်မည်ထင်သည်။အမူအကျင့်တွေကအစ တဖြည်းဖြည်း ထပ်တူညီလာခဲ့သည်။သဘောမကျတာများ ရှိလျင် မျက်မှောင်ကြီးကြုတ်လို့ စကားကို တစ်ခွန်းချင်း ပြောလာပါသော ကြင်ယာတော်လေးက သခင်ကြီးနှင့် တစ်ပုံစံထဲပင်။ဗိုက်လုံးလုံးထဲမှာ ငြိမ်ကုပ်နေပါသော ကလေးလေးကလည်း ဘယ်လိုပုံမျိူးလာမလဲ မသိပေမယ့် တစ်ပုံစံတည်းဖြစ်နေမှာတော့ သေချာသည်။

GRIEF//Mpreg//Where stories live. Discover now