Chapter_5

5.3K 706 25
                                    

____________ZAWGYI_______________

စကားတွေတတ်လွန်းနေတဲ့ ကြင်ယာတော်လေးကို
ဆုချချင်စိတ်ကလေးက ရင်ခွင်ထဲဆွဲပွေ့ပြီး ကြမ်းယမ်းပစ်ချင်သည်အထိ။
အရဲတင်းတဲ့စိတ်ကလေးနဲ့ သစ်ပင်ကို ကျောမှီစေရင်း
ဒီလူကို သွေးဆူအောင် လုပ်ထားတာ သူမဟုတ်သလို မျက်နှာလေးစောင်းငဲ့နေပါသော
သခင်လေးကို မေးဖျားလေးကနေ ဆွဲငဲ့လို့ နှုတ်ခမ်းချင်း တေ့ဆိုင်ချင်လိုက်ပြီ။

နူးညံ့စွာ နွေးအိနေပါသော ပါးပြင်လေးကို နှုတ်ခမ်းသားတွေနဲ့ ပွတ်သပ်ပြီးမှ
ပူပူနွေးနွေးနှုတ်ခမ်းသားလေးကို မြည်းစမ်းချင်လှပြီ။
ပါးပြင်ထဲ စစ်သူကြီး၏နှုတ်ခမ်းသားတို့၊နှာတံတို့ နစ်ဝင်လေ၊
ချန်းရဲ့ နီနီထွေးထွေးနှုတ်ခမ်းသားလေးက တုန်ယင်လေဖြစ်သည်။

ချယ်ရီရောင်သမ်းသော နှုတ်ခမ်းသားတို့က မက်မွန်သီးအနံ့ရနေလေရဲ့။
ကော့ညွတ်နေပါသော နှုတ်ခမ်းသားလေးကို ဖိကာ နမ်းရှိုက်လိုက်ရင်း
အောက်နှုတ်ခမ်းသားလုံးလုံးလေးတို့ကို စစ်သူကြီး အရသာခံမည် လုပ်ကြည့်ပေမယ့်
တစ်ကယ်တမ်း ငုံထွေးမိသည်က လေဟာပြင်သက်သက်။

စစ်သူကြီး မျှော်မှန်းထားသည်က မက်မွန်သီးအရသာသက်သက်ဖြစ်ပေမယ့်
ရင်ဘတ်ထဲက လှုပ်စိလှုပ်စိအကောင်လေးကြောင့်
စစ်သူကြီး အိမ်မက်ပျက်ရသည်။

အိမ်မက်သာဆိုပေမယ့်
မက်မွန်တောကြီးထဲ တစ်ကယ်ရောက်ခဲ့ရသလို၊
ချန်း စားချင်ပါသည်ဆိုသော မက်မွန်သီးကြီးကို ရှာပေးနိုင်ခဲ့သည့်အတွက်လည်း
ကြည်နူးစိတ်က ပျံ့နှံ့နေသလို၊
စကားလုံးတွေကြား သွေးဆူလာသော စစ်သူကြီးရဲ့ ခန္ဓာကိုယ်ကတော့ အယောင်ဆောင် မဟုတ်ခဲ့။

ဆောင်းလေအေးပါသောကြောင့်
ရင်ဘတ်ထဲ တိုးဝင်လာခဲ့တဲ့ လူဆိုးလေးကတော့
သူမဟုတ်သလို။
အိမ်မက်တွေပျက်ရပါသော်လည်း
အသိစိတ်ကပ်နေပါသော စစ်သူကြီးက
ရင်ဘတ်ရဲ့ ဘယ်ဘက်အခြမ်းမှာ နေရာယူသော ယောင်း နေရာရွေ့တာနှင့်
ရင်ဘတ်ထဲဆွဲ၍ နွေးစေပြီးဖြစ်သည်။
အိမ်မက်တွေ သိပ်ကောင်းနေပါသော်လည်း
ဘေးနားက အကောင်ပေါက်လေး တစ်ချက်လှုပ်တာနှင့်
မသိလိုက်ပါဘဲနဲ့ကို ဆွဲဖက်ရင်း လူလည်း နိုးရသည်။

GRIEF//Mpreg//Where stories live. Discover now