Chapter_31

2.6K 439 37
                                    

ကြင်ယာတော်လေး ဆေးပြန်သောက်ပြီး ဝတ်ရုံတွေလဲပြီးသည်အထိ ခင်ပွန်းသည်ကြီးက မနိုးသေးဘူး။
စစ်သူကြီးက ဒီရက်ပိုင်းတွေကို ခဏလေးတောင်မအိပ်ဘဲ ကြင်ယာတော်လေးဘေးနားမှာပဲ အမြဲရှိနေတာကြောင့်
ဦးရီး​တော်က အိပ်ဆေးတော်တော်ပြင်းပြင်းကို တိုက်ထားသည်ဟုတော့ ပြောသည်။

ကလေးလေးတစ်ယောက်လိုမျိုး အိပ်စက်နေသည့် ခင်ပွန်းသည်ကြီးကို ကြင်ယာတော်လေးက ထိုင်လျက်နှင့် သူ့ပေါင်ပေါ်ခေါင်းအုံးစေလိုက်သည်။
အသားအများကြီး မရှိသည်ကြောင့် ခင်ပွန်းသည်ကြီး အိပ်ရတာ သက်တောင့်သက်သာရှိပါ့မလားမသိပေမယ့် ​ခင်ပွန်းသည်ကြီးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းဖြစ်သည်။

လက်ဖဝါးအောက်က ခံစားမိသည့် ခင်ပွန်းသည်ကြီးရဲ့ နွေးထွေးမှု ပျောက်သွားမှာကို ကြင်ယာတော်လေးလည်း ကြောက်နေခဲ့တာဖြစ်သည်။

သမားတော်ကြီးပြောသလိုဆို လွန်ခဲ့သော ဆယ်ရက်ခန့်က သွေးတွေအများကြီး ထပ်အန်သည့်ညက နိုးနိုးချင်း ခင်ပွန်းသည်ကြီးကို လိုက်ရှာနေမိတာဖြစ်သည်။

အရှေ့တည့်တည့်မှာ ထိုင်နေရင်တောင် ရှာတွေ့မည်မဟုတ်ပေမယ့် နွေးထွေးသော လက်ဖဝါးတစ်စုံနှင့် ကြီးမားသော ကိုယ်လုံးကြီးရဲ့ ခပ်တင်းတင်းပွေ့ဖက်မှုကို ခေါင်းတွေ ချာချာလည်အောင် မူးနေပါလျက်
လိုက်ရှာနေမိတာဖြစ်သည်။

ခင်ပွန်းသည်ကြီး အနားမှာမရှိဘဲ အရာရာကို ရင်ဆိုင်ဖို့ အားမရှိသေးဘူး။
ဘဝတစ်ပါးကို ကူးပြောင်းရမည်ဆိုလျင်လည်း ခင်ပွန်းသည်ကြီးက

"အရာရာ အဆင်ပြေသွားမှာပါ!" လို့သာပြောလိုက်ရင် မျက်စိစုံမှိတ်ပြီး သွားရဲလောက်မည် ထင်သည်။

နောက်ဆုံး သတိလစ်မေ့မြောသွားချိန်မှာ
ရင်းနှီးနေသည့် လူတစ်ယောက်ရဲ့ ခပ်ဖွဖွထွေးပွေ့မှုကိုသာ သတိရလိုက်ပြီး
ကြင်ယာတော်လေးသည် အရာရာကို လွှတ်ချလိုက်ဖို့ရန်အတွက် အသင့်ဖြစ်ခဲ့ပြီဖြစ်သည်။

​ဆယ်ရက်ကြာအောင် မေ့မြောနေပြီးတော့မှ
ဘာကြောင့်များ ပြန်လည်နိုးထလာရလဲဆိုတဲ့ အကြောင်းအရင်းကို​တော့ ကြင်ယာတော်လေး ကိုယ်တိုင်တောင် မသိဘူး။
မနက်က အကူဆေးသမားလေးတွေ သမားတော်ကြီးကို အပြေးသွားခေါ်ပုံကို ကြည့်ရတာ အကုန်လုံးလည်း ​ယောင်းကို
"သေလူ" ဟု သတ်မှတ်ပြီးပုံရသည်။

GRIEF//Mpreg//Where stories live. Discover now