Chapter_70

1.6K 208 31
                                    

Bjd's note.

Sorry. ..Zawgyi font ထည့်ပြီးပါပြီ.
ကြယ် အရင်သုံးနေကြ Font converters က Unistall ဖြစ်သွားလို့ မထည့်ပေးမိတာပါ.Noti ရှုပ်သွားရင် တောင်းပန်ပါတယ်!

___________U. N. I.C. O. D. E_________

"ရှင်မရေ!ယောက်ျားက ရှေ့တန်းမှာပဲ ဘာဖြစ်ရမလဲ!ယောက်ျားသားမရှိဘဲ ကျန်ခဲ့ရတဲ့ မင်းတို့ သားအမိတွေကိုပဲ ငါက စိတ်ပူတာပါ!သားကြီး နေမကောင်းရင် ဆေးဝယ်ထားလိုက်လေ!ပိုက်ဆံက အိမ်ပြန်လာမှ ထပ်ရှာလည်းရပါတယ်!ငါတို့်မှာ ဒီကလေးတွေပဲ ရှိတာကို!"

အမတ်ကြီးက စာကို အဆုံးထိ သေချာဖတ်ပြီး နောက်ဆုံးနားလေးမှာ

"ယောက်ျားတို့တန်းလျားက အစွန်ဆုံးဆိုတော့ သစ်တောနဲ့နီးနီး!သားကောင်တွေလည်းပေါတော့ အသား၊ငါး မရှားပါဘူး!"

ဆိုတဲ့ စာသားလေးတွေ့တော့ စုတ်တံကို မှင်ရည်နှစ်ပြီး ထိုနားလေးကို မှင်ရည်ဖြင့် တစ်ကြောင်းတည်း ဆွဲချလိုက်သည်။စစ်ဆင်ရေး ဆင်းနေသည့်တစ်လျှောက်လုံး စစ်တပ်ရဲ့ တည်နေရာကို အရိပ်အမြွက်လေးတောင် သဲလွန်စပါလို့မရသည့်အတွက် အမတ်ကြီးက သတိထားပြီး စာတစ်စောင်ချင်းဆီကို အသေးစိတ် စစ်ဆေးကြည့်သည်။

ဘယ်ဘက်အခြမ်းမှာ ရှေ့တန်းက ပြန်လာတဲ့ စာစောင်အနည်းငယ်လောက်သာရှိပြီး အများစုက စာမတတ်ကြတာ​ကြောင့် စာသင်ဖူးသူ အနည်းငယ်လောက်ဆီကသာ ပြန်စာလာသည်မလို့ ရှေ့တန်းက ပြန်လာသည့်စာစောင်က လက်တစ်ဆုပ်ပင်မပြည့်တတ်။

မြို့တော်ကနေ ရှေ့တန်းကိုသွားမည့်စာကတော့ ရှေ့တန်းကနေ ပြန်လာမည့်စာထက်တော့ များသည်ဟုပြောရမည်။စာတတ်ကြသည်ဟုတော့ ပြောမရပေမယ့် အကြွေလေးတစ်ပြား၊နှစ်ပြားရှိလျင်တော့ စာတတ်သူတစ်ယောက်ယောက်ကို ဉာဏ်ပူဇော်ခပေးပြီး စာရေးခိုင်းနိုင်သည်ဖြစ်သည်ကြောင့် သာရေး၊နာရေး သတင်းပေးစာတွေဖြင့် ကျွန်းသားစားပွဲခုံရဲ့ ညာဘက်မှာတော့ စာက နည်းနည်းပိုများသည်။

ထိုစာလွှာတွေရဲ့ အောက်ဆုံးမှာ ရည်ရွယ်သူထံ မရောက်သေးပါဘဲ တစ်လလုံးနီးပါး စာလွှာတွေရဲ့အောက်ဆုံးမှာပိနေခဲ့သည့် စာတိုလေးတစ်စောင်ရှိခဲ့သည်။စာတိုလေးက ​ရှောင်းအိမ်တော်ရဲ့ တံဆိပ်တော်ဖြင့် ချိတ်ပိတ်ထားခဲ့ပြီး အမတ်ကြီး ဂန်ဘိုမွန်းဖွင့်ကြည့်ထားတာကြောင့် ဖယောင်းဆေးသားလေးက ကွာကျလို့နေသည်။

GRIEF//Mpreg//Where stories live. Discover now