▪️Ep 6▪️(U+Z)

464 57 34
                                    

~6~ (Unicode)

ည ၁၁နာရီ
ဘန်ကောက်မြို့... 🌃

Billkinတစ်ယောက်အိပ်ရာထဲမှာလှဲနေရင်း ကိုယ့်လက်ကိုပြန်ထောင်ကြည့်ကာ အတွေးတွေထဲ နယ်ချဲ့နေသည်။ Uniပထမဆုံးတက်ရတဲ့နေ့မှာ ဖြစ်ခဲ့တဲ့အရာတွေကမြန်ပေမယ့် Kinအတွက်အထူးဆန်းတွေချည်း...

ကျောင်းထဲစရောက်ကတည်းက သတိထားပြီးကြည့်နေမိတဲ့ကောင်လေးတစ်ယောက်နဲ့လည်း တစ်ခုံတည်းဘေးချင်းကပ်ထိုင်ခဲ့ရတယ်။ ဒါပေမယ့် သူငယ်ချင်းကျတော့လည်း မဖြစ်ခဲ့ပြန်ဘူး စတွေ့ကတည်းက အပေါက်အလမ်းမတည့် ရန်ပဲဖြစ်နေခဲ့ရတာ...တကယ်ဆို ဖူးခက်က လာတဲ့သူချင်းအတူတူ ခင်ခင်မင်မင်ရှိရမှာမဟုတ်လား...။

"ဘယ်လိုကောင်လေးမှန်းမသိဘူး၊ပေါင်းရခက်လိုက်တာ...
ဒါနဲ့...ဒီလက်က ဒီနေ့သူ့ပါးကိုထိလိုက်မိတာပဲ အဲ့ဒီပါးကလည်း ဘာတွေလုပ်ထားလို့ အဲ့လောက်အိနေတာလဲမသိဘူး"

"BKမအိပ်သေးဘူးလား လက်ဖဝါးကြီးထောင်ပြီး ဘာလို့ ပြုံးနေတာလဲ"

Christက မေးလိုက်မှ Kinသူ့ဘာသူပြုံးနေမှန်းသတိထားမိသည်။

"အမ် ငါမပြုံးပါဘူး"

"ပြုံးစိစိလုပ်နေတာကြာပြီ ငါရော Dreamရောသတိထားမိတယ်"

"ဟုတ်ပါ့ ဘာတွေတွေးနေလဲမသိဘူး ခုနက စားသောက်ဆိုင်ကအစားတစ်ခုခုမှားလာသေးလား"

Kinက အသံထွက်ရယ်ကာ
"မင်းတို့မသိပါဘူး ငါအိပ်ပြီ P'sunnyလည်း ပင်ပန်းလို့အိပ်နေပြီ မင်းတို့လည်းသွားအိပ်တော့"

Dreamနဲ့ Christက Kinအိပ်တဲ့အခန်းရဲ့ မျက်နှာချင်းဆိုင်အခန်းမှာ နှစ်ယောက်ပေါင်းတစ်ခန်းနေသည်..P'sunnyကတော့အပေါ်ထပ်မှာတစ်ခန်းသက်သက်နေသည်။

"မနှင်ထုတ်ပါနဲ့ကွာ သွားမှာပါ"

Dreamတို့ထွက်သွားတော့တံခါးကိုသေချာထပိတ်ကာ အိပ်ရာပေါ်ပစ်လှဲချလိုက်သည်။

"ဟူး... အိမ်နဲ့ဝေးတဲ့အရပ်မှာ ကျောင်းတက်ရတာလည်း မလွယ်ပါလား ဒါပေမယ့် တစ်ရက်တော့ ကုန်ဆုံးသွားခဲ့ပြီပေါ့"

Kin တစ်နေကုန်ပင်ပန်းထားတာမို့ မျက်လုံးတွေသာ မှိတ်ထားလိုက်သည်။

▪️ I N T E R S E C T I O N ▫️Where stories live. Discover now