▪️Ep 2▪️(U+Z)

657 81 33
                                    

~2~ (Unicode)

🗓 2005ခုနှစ်
~ PPလေးအသက်ငါးနှစ်အရွယ်~

"PPလေးရေ အရမ်းမပြေးနဲ့လေ ချော်လဲမယ်"

"PPရေ လှေကားပေါ်ကပြုတ်ကျဦးမယ် ခဏလေးစောင့်ပါအုန်း မြန်လိုက်တာ"

"ပြေးမှာပဲ ဝူး...လေယာဉ်ပျံကြီးလာပြီ"

Cape Panhwaဟိုတယ်တစ်ခုလုံးဟာ PPရဲ့ကစားကွင်းပဲ
PPကစားပြီဆိုရင်လေ ဟိုတယ်ဝန်ထမ်းတွေအကုန် အေးဆေးနေရလေ့မရှိဘူး..
တူတူလိုက်ဆော့ပေးတဲ့သူကလိုက်ဆော့ပေးရ... PPဖွတာကိုလိုက်ရှင်းရတဲ့သူကရှင်းရနဲ့ပေါ့ PPလေးပြေးတဲ့နောက်တောက်လျှောက်လိုက်ထိန်းရတဲ့ ကလေးထိန်းလည်း မချောင်ပါဘူး...
တကယ့်အမွှေစိန်လေးပါပဲ...

စားဖိုဆောင်ထဲက မုန့်တွေမှောက်ပစ်တာတို့ ဧည့်ခန်းထဲက အလှထားတဲ့အရုပ်တွေဖွက်ထားတာတို့လုပ်ပြီးရင်
ဟိုတယ်ဝန်ထမ်းတွေကို အပြစ်လွှဲချတတ်ပါသေးတယ်။
PPခွဲခဲ့ဖူးတဲ့ ဟိုတယ်ထဲက အလှပန်းအိုးတွေလည်းမရေတွက်နိုင်အောင်ပါပဲ...

ဟိုတယ်ကိုလာတဲ့ ဧည့်သည်တွေကတော့ ဟိုတယ်ပိုင်ရှင်ရဲ့သားလေးဖြစ်တာမို့တစ်ကြောင်း ချစ်စရာကောင်းလို့တစ်ကြောင်း ခွင့်လွှတ်ထားကြတယ်။

Kris နဲ့ Susanကလည်း PPဘာလုပ်လုပ်ကိုသဘောကျနေကြတယ်။

ခုလည်းကြည့်ပါအုန်း...
လေယာဉ်အရုပ်ကိုကိုင်ပြီးဟိုတယ် Corridorတွေမှာပတ်ပြေးလိုက် လှေကားပေါ်ကပြေးဆင်းလိုက်ဆော့နေလေရဲ့..။

​ကလေးထိန်းအလုပ်ကိုမနေ့ကမှဝင်လာတဲ့ မိန်းကလေးလည်း PPချော်လဲမှာကြောက်လို့ နောက်ကထပ်ကြပ်မကွာပြေးလိုက်နေပေမယ့် အမောသာဆို့်တယ် လုံးဝမမီဘူး။

"PPရေ ရှေ့မှာခလုတ်..."

"ဘုတ်...အ... ဟီး....မာမီရေ နာတယ်"

ပြောလို့တောင်စကားမဆုံးသေး... အပေါ်ပဲမော့ပြီးပြေးနေတဲ့ PPလေးချော်လဲပြီး ငိုပါပြီ။

ဒါ ကလေးထိန်းတိုင်းအကြောက်ရဆုံးအချိန်ပဲ...
PPအမေ Mrs.Ratanarakက PPငိုရင် အလုပ်ထုတ်မယ်လို့ အလုပ်ဝင်ကတည်းကပြောပြီးသားမဟုတ်ပါလား...။

"မာမီ့ကိုခေါ်ပေး...ဟီး..."

"အင်း အင်း PPလေးမငိုနဲ့နော် တိတ်နော် မမခေါ်ပေးမယ်"

▪️ I N T E R S E C T I O N ▫️Where stories live. Discover now