▪️Ep 12▪️(U+Z)

481 48 41
                                    

~12~ (U)

"တီလေးကလည်း ဖူးခက်သွားတာ Nanaကိုတောင်မခေါ်ဘူး Nanaက ဖူးခက်ကိုအရမ်းရောက်ဖူးချင်တာ"

Plumက Nanaရဲ့အမေ မိမိအစ်မဖြစ်သူကို ပြောပြီး ဖူးခက်ကို တစ်ယောက်တည်း ထွက်လာခဲ့ပေမယ့် Nanaက မသိလိုက်တာမို့ ဖုန်းဆက်ကာ သူ့တီလေးကို ဂျီကျနေလေရဲ့...

"Nanaက ကျောင်းတစ်ဖက်နဲ့မို့ပါ တီလေးက ဖူးခက်မှာကြာဦးမှာ အကယ်၍ ဖူးခက်ဆေးရုံမှာအလုပ်လုပ်ခွင့်အမိန့်ကျရင် တစ်ခါတည်း ဖူးခက်ကိုပြောင်းလာလိုကိတော့မှာ Nanaက မေမေတို့နဲ့ တီလေးဆီ နောက်ကျရင်လာလည်ပေါ့"

"လာလည်မယ် လာလည်မယ် ဒါနဲ့ တီလေးက အခုဘယ်မှာတည်းနေတာလဲ"

"တီလေး ဟိုတယ်မရှာရသေးဘူး လမ်းမှာပဲရှိသေးတာ"

"ဟုတ်လား ဒါဆို ဖူးခက်မှာ Nanaသူငယ်ချင်းတစ်ယောက်ရဲ့ Hotelရှိတယ် Cape Panwa တဲ့ အဲ့ဒီမှာတည်းပါလား"

"အိုခေလေ တီလေး အဲ့မှာပဲတည်းလိုက်မယ် Nanaသူငယ်ချင်းက ဘယ်သူလဲ"

"PP kritt လေ"

"PP krittဟုတ်လား ကြားဖူးသလိုပဲ"

"Nanaပြောပြဖူးတယ်လေ သူကလောလောဆယ် ဘန်ကောက်မှာ ကျောင်းလာတက်နေတာ Nanaတို့နဲ့ တစ်ခန်းတည်း၊
တီလေးကိုပြောဖူးတဲ့ တကျက်ကျက်နဲ့ အမြဲရန်ဖြစ်နေတဲ့ ဖူးခက်သားလေးနှစ်ယောက်ထဲက တစ်ယောက်ပေါ့"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အဲ့တာ မင်းကြောင့်....မင်းနမော့်နမဲ့နိုင်လို့ဖြစ်ရတာ"

"ဟာ ငါလည်း တံခါးပျက်နေတာ သိမှမသိဘဲကို"

Kinနဲ့ PP အခန်းထဲမှာ ငြင်းခုံနေတာနဲ့တင် ဆယ်မိနစ်လောက်ရှိပြီ...

PPတို့တည်းတဲ့ တည်းခိုဆောင်တွေက လုံးချင်းအခန်းလေးတွေဖြစ်ကာ တစ်နေရာနဲ့တစ်နေရာရောက်ဖို့တောင် နည်းနည်းလမ်းလျှောက်ရသည်။

အခုက အဲ့ဒီတည်းခိုဆောင်တွေနဲ့ နည်းနည်းဝေးတဲ့ ဂိုဒေါင်လိုလို စွန့်ပစ်ထားတဲ့အခန်းလိုလိုနေရာမှာမှ နှစ်ယောက်သား လာပိတ်မိနေတာဖြစ်သည်။

"ဒုန်း...ဒုန်း... အပြင်မှာ လူရှိလား ကျွန်တော်တို့ပိတ်မိနေလို့ပါ"

▪️ I N T E R S E C T I O N ▫️Where stories live. Discover now