▪️Ep 20 ▪️(U+Z)

423 35 18
                                    

~ Ep 20 ~(U)

မျက်လုံးထဲကိုဝင်လာတဲ့ စူးရှတဲ့အလင်းရောင်တွေ...။
အဲ့ဒီအလင်းရောင်တွေက ကားရှေ့မီးနှစ်ခုဆီကလာတာဖြစ်မည်။
PPနောက်ဆုံးမြင်လိုက်တာက PPဆီ အရှိန်နဲ့လာနေတဲ့ ကားတစ်စီး။
ကားမီးရောင်တွေက မျက်လုံးထဲကိုစူးဝင်လာတာမို့ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီးနောက် အရာရာအမှောင်ကျသွားသည်။

အခုတစ်ခါ မျက်လုံးတွေကိုအားယူပြီး ဖွင့်ကြည့်ပြန်တော့လည်း စူးရှရှအလင်းရောင်တွေပဲ ထပ်မြင်ရပြန်သည်။
ဒီတစ်ခါတော့ ကားမီးရောင်တွေမဟုတ်တော့ပါ။
နည်းနည်းထပ်အားစိုက်ပြီး ကြည့်လိုက်တော့ မျက်နှာကျက်ဖြူဖြူတွေဖြစ်လို့နေသည်။

"PP သားလေး သတိရပြီလားဟင်"

မာမီက PPနာမည်ကိုဝမ်းသာအားရခေါ်ရင်းမေးလို့နေတယ်။
ဒယ်ဒီနဲ့​Khunလည်း ဘေးမှာရှိပြီး PPကို ဝိုင်းကြည့်နေကြတာပဲ။
PP အားယူပြီးမေးခွန်းတစ်ခုကို ပြန်မေးလိုက်တယ်။

"သား ဘာဖြစ်သွားတာလဲဟင် မာမီ"

"သားလေး Accidentကြောင့် တစ်ပတ်ကျော်ကျော်လောက်သတိလစ်နေခဲ့တာ..."

"တစ်ပတ်ကျော်ကျော်..."

PPအံ့ဩမိခြင်းနဲ့အတူ မာမီ့ကိုတစ်ခုခုဆက်မေးရန် အိပ်နေရာကခါးမတ်ဖို့ကြိုးစားပေမယ့် ဗိုက်တစ်နေရာက တော်တော်နာနေသည်။

"အား..နာလိုက်တာ"

"မလှုပ်နဲ့လေ သားကခွဲစိတ်ထားတာကို"

"ခွဲစိတ်ထားတာ သားဘယ်လောက်တောင်ဖြစ်သွားခဲ့တာလဲဟင် မာမီ ပြောပြပါလား"

"သားရဲ့အသည်းကို အစားထိုးထားရတာ သားရဲ့"

Susanက မပြောပြဖို့​မျက်နှာရိပ်နဲ့တားပေးမယ့် တစ်နေ့နေ့တော့သိမှာပဲမို့ Krisကိုယ်တိုင်ပြောပြလိုက်ခြင်းပင်။

"ဗျာ...အသည်းအစားထိုးတယ်...ဘယ်သူ့အသည်းနဲ့လဲဟင် ဒယ်ဒီ"

"အဲ့တာတော့ နောက်မှဖြည်းဖြည်းချင်းပြောပြမယ် သား အခုနားလိုက်ဦးနော်"

Khunကတော့ ဘေးကနေ ပြုံးပြီးကြည့်ရင်း PPရဲ့လက်ကိုကိုင်ပေးထားသည်။
Khunကို ပြန်ပြုံးပြတဲ့ PPရဲ့မျက်လုံးတွေက အခန်းထဲကိုဝေ့ကာတစ်ယောက်ယောက်ကို​လိုက်ရှာနေတာကို Khunရိပ်မိလေသည်။

▪️ I N T E R S E C T I O N ▫️Where stories live. Discover now