▫️Ep 19▫️(U+Z)

371 40 11
                                    

~Ep 19~(Uni)

"Kin!...ငါဒီမှာ"

PPက Kinရဲ့နာမည်ကိုခေါ်ပြီးတစ်နေရာကို ပြေးထွက်သွားတာကို ဖျတ်ခနဲတွေ့လိုက်ရတာကြောင့် PPနောက်ကို Kinလိုက်သွားမိသည်။

"PPနေပါဦး...မပြေးပါနဲ့"

PPကတော့ Kinကိုလှည့်မကြည့်ဘဲပြေးနေဆဲ။

Kinပြောတာကို ကြားပုံမရဘဲ သူ့နောက်ကိုလိုက်ခဲ့သာဖို့ကိုတော့ နှုတ်ကနေတဖွဖွပြောနေတာ Kinကြားရသည်။

"PP...PP!"

တဖြည်းဖြည်းနဲ့​Kinလိုက်မမီတော့ဘဲ ပြေးနေတဲ့PPကပိုပိုဝေးသွားသညိ။

"PP.....!"

PPရဲ့ကျောပြင်ကိုပဲ ဝိုးတိုးဝါးတာမြင်ရတဲ့အထိ PPကအဝေးဆုံးကိုပြေးထွက်သွားတာကို Kinဘယ်လောက်ဘဲလိုက်လိုက်မမီဘူးဖြစ်နေသည်။
ဒီလိုနဲ့ PPက Kinကိုတကယ်ထားသွားတော့မှာလား...။

"ဟင့်အင်း မသွားပါနဲ့...!!"

မျက်လုံးဖွင့်ကြည့်မိမှ Kinအိပ်မက်မက်နေမှန်းကိုယ့်ဘာသာသတိထားမိသွားသည်။
အိပ်မက်ကမကောင်းလိုက်တာ...
စွဲပြီးမက်ရုံသက်သက်ပဲနေမှာပါလို့ Kinကိုယ့်ကိုယ်ကို စိတ်ဖြေလိုကိရင်း PPဆီစာပို့ဖို့ဖုန်းကိုင်လိုက်သည်။

ဖုန်းကိုယူလိုက်ချိန်မှာ ဝင်လာတဲ့ဖုန်းတစ်လုံးကြောင့် Kinရဲ့မျက်နှာမှာ အံ့ဩရိပ်တြွေဖတ်ပြေးသွားသည်။

Kinရဲ့ ဖုန်း Screenမှာပေါ်နေတဲ့ နာမည်က
"PP" တဲ့...။

Kinအရမ်းပျော်သွားမိတယ်...PPသတိရပြီး Kinဆီဖုန်းဆက်တာများလားဆိုပြီး ဝမ်းသာအားရဖုန်းကိုင်ကာ စကားတွေတရစပ်ပြောမိသည်လေ...

"Hello PPသတိရပြီလားဟင်...သက်သာရဲ့လား ဘယ်လိုနေလဲ"

ဟိုဘက်က ချက်ချင်းမဖြေ...ဖြေလာတော့လည်း PPအသံမဟုတ်ပေ။

"PPမဟုတ်ပါဘူး...ဦးပါ Kin"

"Mr.Krisလားဟင်"

"ဟုတ်တယ်Kin ဒီနေ့ ဆေးရုံကိုလာခဲ့ပေးလို့ရမလား Kinကို ဦးပြောစရာရှိလို့"

"ဪဟုတ်ကဲ့ဗျ လာခဲ့ပါ့မယ် ဒါနဲ့.....PPကော သတိရပြီလားဟင်"

"မရသေးပါဘူး သားရယ် လာခဲ့နော် ဦးတို့စောင့်နေမယ်"

▪️ I N T E R S E C T I O N ▫️Where stories live. Discover now