▪️Ep 8▪️(U+Z)

442 60 49
                                    

~8~ (Unicode)
The Drunk Baby 💕
မဖတ်ခင် မြင်ယောင်လို့ရအောင်ပါ 😛

~8~ (Unicode)The Drunk Baby 💕မဖတ်ခင် မြင်ယောင်လို့ရအောင်ပါ 😛

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

"ဟာ မဝင်ပြန်ဘူး"

PPလက်နဲ့မြှောက်ပြီး ပစ်သွင်းလိုက်တဲ့ ဘက်စကတ်ဘောလုံးက ခြင်းထဲမဝင်ဘဲ တိုင်ကိုထိပြီးပြန်ထွက်လာသည်ကများသည်။

"သူများတွေဆော့တာကြည့်ရတာတော့ လွယ်လွယ်လေးပါ ဟောဒီလိုလေးပုတ်ပြီး ပစ်သွင်းလိုက်တာပဲ ငါ့အလှည့်ကျမှဘာလို့ခက်ရတာလဲ"

နောက်တစ်ခါပစ်သွင်းလိုက်တဲ့ ဘောလုံးဟာလည်း ခြင်းဘောင်နဲ့ထိပြီး ပြန်ထွက်လာပြန်သည်။

"ဟူး ထင်သလောက်မလွယ်ဘူးပဲ ဘောလုံးကြီးကိုက လေးလိုက်တာ မဖို့တောင်ခက်တယ် အီးယား"

ဘောလုံးကို မနိုင်မနင်းမလိုက် ပုတ်လိုက် မဝင်ဘဲလွဲသွားလိုက် ဘောလုံးကောက်လိုက်နဲ့ ဘက်စကတ်ဘောကစားတာကနည်းနည်း ဘောလုံးကောက်တာက များများဖြစ်နေသည့် PP Krittကိုကြည့်ရင်း Kinကြိတ်ရယ်နေမိပြန်သည်။

ဒီနေ့ ဘက်စကတ်ဘော စကစားလို့ရပြီဆိုလို့ Kinရောက်လာခဲ့ပေမယ့် စီနီယာတွေက မအားတာမို့ မနက်ဖြန်မှ သင်ပေးတော့မယ်လို့ပြောထားသည်။ ဒါကို ဇွဲကောင်းပြီး စောစောစီးစီး ကျောင်းမတက်ခင်တည်းက လာလေ့ကျင့်နေတဲ့ PPကိုမြင်တော့ Kinမနေနိုင်မထိုင်နိုင် သွားထိုင်ကြည့်နေမိသည်။
PP krittကတော့ ကွင်းထဲမှာ သူတစ်ယောက်တည်းထင်ပြီး ထင်တိုင်းကျဲနေလေရဲ့....

"ဒုန်း..."

ဒီတစ်ခါ ဘက်စကတ်ဘောလုံးနဲ့တိုင်နဲ့ထိတာတော်တော်ပြင်းသည်။ အသံအကျယ်ကြီးထွက်လာကာ ဘောလုံးက ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ Kinအနားထိလွင့်လာသည်။

▪️ I N T E R S E C T I O N ▫️Donde viven las historias. Descúbrelo ahora