▫️Ep 1▫️(U+Z)

1.5K 84 35
                                    

~ 1 ~ (Unicode)
အချိန်ကား ​မနက် ၁နာရီ...
ထိုင်းနိုင်ငံရဲ့ ပင်လယ်ကမ်းစပ်မြို့လေးဟာ ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းအောက်မှာ ပြိုလဲမသွားအောင် တင်းခံထားရတယ်။

ည၁၀နာရီလောက်ကတည်းက မြို့တစ်ခုလုံးမှာ မိုးချိန်းသံတွေကလွဲလို့ တစ်သံမှမကြားရအောင် လူခြေတိတ်လို့နေတယ်။

မုန်တိုင်းတိုက်မယ်လို့ ညနေ ရေဒီယိုက ကြေညာလိုက်ကတည်းက အိမ်တံခါးတွေအလုံခြုံပိတ်လို့ အိမ်ထဲကအိမ်ပြင်မထွက်ကြဘဲ မနက်ရောက်ရင် မုန်တိုင်းပြီးသွားဖို့သာ ဆုတောင်းနေကြပေမယ့်...
မနက် ၁နာရီလောက်ထိ မုန်တိုင်းကထန်ဆဲ မိုးတွေကသည်းကြီးမည်းကြီးရွာသွန်းဆဲ...။

တစ်မြို့လုံးဟာ မည်းမှောင်လို့နေပေမယ့် မြို့လေးရဲ့ မလှမ်းမကမ်း တစ်ခုသော ဆေးရုံကြီးမှာတော့ မီးတွေထိန်ထိန်လင်းနေလေရဲ့...

ဆေးရုံထဲက ဆရာဝန်တွေ နာ့စ်တွေဟာလည်း Operation Theatreနှစ်ခုကြား ဟိုပြေးသည်လွှားနဲ့အလုပ်ရှုပ်နေတယ်။
မုန်တိုင်းကြောင့် လျှပ်စစ်မီးမပြတ်တောက်သွားအောင်ဆုတောင်းရင်း ခွဲခန်းထဲက မိခင်နှစ်ဦးကိုအကောင်းဆုံးမီးဖွားပေးဖို့ ကြိုးပမ်းနေကြတာပေါ့...။

တစ်ယောက်က ဖူးခက်မြို့ရဲ့ မြို့မျက်နှာဖုံး Cape Panwa Hotelပိုင်ရှင်သူဌေးKris Ratanarakရဲ့ ဇနီးဖြစ်သူ...Susan Ratanarak...

နောက်တစ်ယောက်ကတော့ သာမန်ကုန်သည်မိသားစုဖြစ်တဲ့ Liam Suwanrat ရဲ့ ဇနီး Nam Suwanratပါ...

"Mr.Krisရဲ့ဇနီးမွေးပါပြီ သားလေးပါ"
ခွဲခန်းထဲက နာ့စ်ကထွက်လာပြီး ပြောလိုက်တော့ Krisကထခုန်မတတ်ဝမ်းသာသွားသည်။

ဘေးကမွေးခန်းရှေ့မှာရပ်နေတဲ့ Liamကတော့ အားကျတဲ့မျက်ဝန်းနဲ့ကြည့်ရင်း ဆုတောင်းနေဆဲ...

"Mr.Liamလား"

"ဟုတ်ပါတယ်ဆရာမ"

"သားလေးမွေးပါတယ် မိခင်လည်းနေကောင်းပါတယ် ဒါပေမယ့်လေ သားလေးက အသားဝါနေလို့ မီးပြရမယ် ဒါကြောင့် ကလေးကို ခုချက်ချင်းကြည့်လို့မရသေးဘူးရှင့်"

"ဗျာ... သားလေးက စိုးရိမ်ရလား"

"မစိုးရိမ်ရပါဘူး မီးပြလိုက်ရင် သက်သာသွားမှာပါ"

▪️ I N T E R S E C T I O N ▫️Where stories live. Discover now