▪️Finale ▫️ (U+Z)

826 55 41
                                    

A/N- သတိ... ဆီးချိုတက်တတ်သည်

~ 21 ~ FINAL (U)

မနက်ခင်း အိပ်ရာကနိုးထလာတဲ့အချိန်...

ဆန့်ထားတဲ့လက်မောင်းပေါ်မှာ တစ်စုံတစ်ရာက နေရာယူလို့ထားတာကို Kin ခံစားမိနေသည်။
မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ Kinရဲ့လက်မောင်းပေါ်ခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ PPရဲ့မျက်နှာလှလှလေးက အနီးကပ်လေး...။
နီးကပ်လွန်းလို့ PPရှုထုတ်လိုက်သမျှ ဝင်သက်ထွက်သက်တွေကိုပါ Kinခံစားလို့ရသည်။

ဒီလိုအနေအထားလေးက မသိရင် လက်ထပ်ထားတဲ့စုံတွဲလေးတစ်တွဲလိုပဲ။
ဒီအခြေအနေလေးကို သဘောကျလို့ Kinနိုးနေပေမယ့် မထသေးဘဲ ဒီတိုင်းလေးပဲ PPကိုကြည့်နေမိတယ်။

Kinတို့ချစ်သူသက်တမ်းဟာ ခုဆို သုံးနှစ်တောင်ရှိပြီ...။
ဒီလိုလေး တစ်ခါမှမနေခဲ့ဖူးဘူး။

အခုတော့ PPအခန်း အပူပေးစက်က ပျက်သွားတော့ မနေ့ညက Kinအခန်းမှာလာအိပ်တာပင်။
ဆောင်းတွင်းကာလဖြစ်နေတော့ အပူပေးစက်မရှိရင် အေးလွန်းလို့ အိပ်လို့အဆင်မပြေဘူး...Kinကတော့ နွေးထွေးတဲ့သူ့ရင်ခွင်ထဲကိုပဲ ခေါ်ပြီးသိပ်ထားလိုက်တယ်။

ခဏနေတော့ အိပ်ပုတ်လေးက လှုပ်လာသည်လေ။
နိုးလာပြီထင်ပါရဲ့...

"အွန်းးး........''

အကြောဆန့်ပြီး မျက်လုံးလေးဖွင့်လာကာ...Kinကို‌ မော့ကြည့်သည်။

"ဟင် Kinနိုးနေတာလား"

"အင်း နိုးနေပြီ"

"နိုးနေတာမထသေးဘဲနဲ့ဘာလုပ်"

"Pကို ကြည့်နေတာလေ ချစ်စရာကောင်းလို့"

Pရဲ့ထုံးစံအတိုင်း ရှက်ပြုံးပြုံးပြီး မျက်စောင်းလှလှလေးထိုးပါလေရော..။

"ကိုယ်တို့ခုလိုလေးအမြဲအိပ်ကြရအောင် မကောင်းဘူးလားဟင် P"

"ကောင်းဘူး ကျပ်တယ် Pအခန်းက အပူပေးစက်ပဲပြန်ပြင်ပေး"

"မကျပ်ပါဘူး ကိုယ့်ရင်ခွင်ကအကျယ်ကြီးပဲဟာ"

Kinက လက်နှစ်ဖက်ကိုဆန့်ပြီးရင်ဘတ်ကိုဖွင့်ပြသည်။
Pကို ရင်ခွင်ထဲဝင်လာခဲ့ဆိုတဲ့သဘော...

▪️ I N T E R S E C T I O N ▫️Where stories live. Discover now