▪️Ep 14▪️(U+Z)

434 53 38
                                    

~14~ (U)

"သား...သား"
Liamဆိုတဲ့ လူက PPရဲ့နောက်ကိုလိုက်ကာ သားလို့ခေါ်နေတယ်။ PPက ရှေ့ကပြေးကာ ချွေးတွေရွှဲနစ်နေသည်။

"သားက ကြီးလာတော့ ပါးနဲ့တူလာလိုက်တာ"

ဟင့်အင်း...ဘာလို့တူရမှာလဲ ။
PPရဲ့ အဖေက Kristပဲ
Liamမှမဟုတ်တာ...။

"ဟင့်အင်း ဟင့်အင်း မလာနဲ့"

"PP...အိမ်မက်မက်နေတာလား"

ဟမ်...
PPမျက်လုံးဖွင့်ကြည့်တော့ Khunရဲ့ကားပေါ်မှာရောက်နေသည်။ဖူးခက်ကနေ ဘန်ကောက်ကိုပြန်နေကြခြင်းပင်...။

"ဆောရီး Khun မင်းအိပ်မငိုက်အောင် စကားပြောပေးနေရမှာကို ငါကအိပ်ပျော်သွားတယ်"

"ရပါတယ် ငါက အိပ်ရေးဝပြီးသား ဒါနဲ့ ဘာအိပ်မက်တွေမက်နေလို့ အဲ့လောက်လန့်နေတာလဲ ချွေးတွေလည်းရွှဲလို့ မနေ့က BKအိမ်မှာ စာကျက်ပြီး ပြန်လာကတည်းက PPစိတ်နဲ့ကိုယ်နဲ့မကပ်တာကို သတိထားမိတယ်... ဘာတွေဖြစ်ခဲ့လို့လဲ?"

Khunမေးတော့မှ မနေ့က Kinအိမ်မှာစာကျက်ပြီး ပြန်ခါနီးတုန်းက အဖြစ်ပျက်ကို မြင်ယောင်လာမိတယ်...။

~~~~~~~~~~~~~~~~~~~~~~~~~~~~
"Liam...ဘာလို့ PPကိုဖက်ထားတာလဲ"

"PPဟုတ်လား ဒါကိုယ့်သားမဟုတ်ဘူးလား Billkinမဟုတ်ဘူးလား"

Liam ခေါင်းရှုပ်သွားသည်။
"ပါး..."
အဲ့ဒီအချိန်မှာ Kinက မီးဖိုခန်းထဲက ထွက်လာသည်။

"ပါး ပြန်လာတယ်.."

အဲ့ကျမှ Liamလည်း မှားမှန်းသိကာ PPကို ဖက်ထားတဲ့လက်တွေကိုဖြေလျှော့သွားသည်။ ပြီးတော့ Kinဆီကိုပြေးသွားကာငိုလေသည်။

Kinတို့မိသားစုရဲ့ ပြန်ဆုံတွေ့ခန်းမှာ PPက ကြားထဲက ညပ်ပါသွားခြင်းပင်...
သူတို့တွေပြန်ဆုံတွေ့ခန်းက ပျော်စရာကောင်းပေမယ့် ဝမ်းနည်းစရာတွေပါရောနေသည်။PPရင်ထဲမှာလည်း တစ်မျိုးကြီးပဲ...

ဘာတွေဖြစ်ခဲ့လို့ Kinရဲ့ပါးက အဲ့လောက်ငိုနေခဲ့သလဲဆိုတာ သူများမိသားစုအရေးမို့ PPမေးမကြည့်တော့ပါ...
သူ့ပါးကိုမတွေ့တာကြာတဲ့
Kinအဝကြီးအလွမ်းသယ်ပါစေလို့တွေးပြီးKhunလာကြိုတာနဲ့ Kinကိုတောင်မနှုတ်ဆက်ဘဲ ထွက်လာခဲ့မိသည်။

▪️ I N T E R S E C T I O N ▫️Where stories live. Discover now