▫️Ep 7▫️(U+Z)

460 61 24
                                    

~ 7 ~ The Fresher Welcome🌹

"Fresher Welcomeကနောက်တစ်ပတ်တဲ့ကွ ​ရေး!!!"

Chulalongkornကျောင်းရဲ့Pageကနေ Fresher Welcomeအကြောင်းတင်ထားတဲ့ပို့စ်ကိုတွေ့လိုက်တော့ Dreamကအကျယ်ကြီးထအော်လိုက်တယ်။

" Kingတွေ Queenတွေရွေးတော့မှာပေါ့"

"ဟုတ်တယ် သီချင်းတွေလည်းဆိုကြမှာ အဆိုတော်တွေလည်းလာမှာထင်တယ်"

Kinတို့သုံးယောက်သား ကန်တင်းမှာထိုင်နေရင်း နောက်တစ်ပတ်မှာရောက်လာတော့မယ့် Fresher Welcomeအတွက်စိတ်လှုပ်ရှားနေကြလေသည်။

"ငါတို့သုံးယောက် အဲ့နေ့ကျ သီချင်းဆိုရအောင် ငါက Guitarတော့တီးတတ်တယ် အသံတော့သိပ်မကောင်းဘူး"

Christက အရင်ဆုံးထပြောလိုက်သည်။
Dreamကတော့ Electronic Keyboard တီးတတ်သည်တဲ့...
ဒီတော့ တီးဝိုင်းမှာ Singerတစ်ယောက်လိုနေသည်။

"ဟေ့ BK မင်းသီချင်းမဆိုချင်ဘူးလား"

Billkinက သီချင်းဆိုရတာအရမ်းကြိုက်ပေမယ့် လူကြားထဲဆိုဖို့လောက်တော့ သတ္တိမရှိ...

"လုပ်ပါကွာ"

"နေပါဦး ငါစဉ်းစားပါရစေဦး"

Kinတစ်ယောက်ဆိုချင်ပေမယ့် ခဏမူလိုက်သည်။ စင်ပေါ်မှာဆိုဖို့ကျ အတွေ့ကြုံမရှိတဲ့ Kinအတွက်တစ်ခုခုမှားသွားနိုင်သည်လေ...

ထိုအချိန် ကန်တင်းထဲကနေ ထွက်သွားတဲ့ PPနဲ့ Khunက Kinရဲ့မျက်စိရှေ့ မြင်ကွင်းထဲဝင်လာသည်။
သူတို့နှစ်ယောက်က Club တွေရှိတဲ့ အဆောင်ဘက်ကို ဦးတည်သွားနေကြတာကို Kinမြင်လိုက်သည်။

"သူတို့ ဘယ်Clubထဲဝင်မလို့များလဲ"

Clubတွေက အကုန်စိတ်ဝင်စားစရာမိူ့ Kinကိုယ်တိုင်လည်းခုထိ ဘယ်Clubထဲဝင်ရမယ်လို့ မဆုံးဖြတ်ရသေးပေ။

"ငါ ဟိုဘက်ခဏသွားလိုက်ဦးမယ်"

Dreamတို့ကို ပြောပြီး Kinတိတ်တိတ်လေး PPတို့နှစ်ယောက်နောက်ကိုလိုက်လာလိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~~~

"PPက အဲဒီClubထဲဝင်မှာသေချာပြီလား Swimmingတို​့ Artတို့စိတ်မဝင်စားဘူးလား"

" အကုန်လုံးက ဝင်ချင်စရာကြီးပဲ ဒါမယ့် ငါကBasketballကစားကြည့်ချင်လို့"

▪️ I N T E R S E C T I O N ▫️Where stories live. Discover now