▫️Ep 9▫️(U+Z)

437 55 45
                                    

~9~ (Unicode)
The MP3 Player

PPမျက်လုံးဖွင့်ကြည့်တော့ တဖြည်းဖြည်း နီးကပ်လာတဲ့ မျက်နှာတစ်ခုက မပီဝိုးတဝါး...
ဘယ်သူဘယ်ဝါမှန်းသေချာမမြင်ရပေမယ့် မျက်လုံးတွေကိုကြည့်လိုက်ရင်တော့ ဘယ်သူဆိုတာ PPတန်းသိသည်။

အခြားသူတွေရဲ့မျက်လုံးနဲ့မတူဘဲ ထူးထူးခြားခြား ကြည်ပြီးဝိုင်းစက်နေတဲ့ သူ့မျက်လုံးတွေကို PPသတိထားမိတာကြာပါပြီ...
ဒါပေမယ့် PPမသိတာက ဘာလို့ သူနဲ့ဒီလောက်နီးကပ်နေရတာလဲ... ပြီးတော့ နှုတ်ခမ်းတွေ..
ဟင်... ငါ သူနဲ့နမ်းနေတာလား...

"အား...!"

"PPနိုးပြီလား မူးနေသေးလား"

အိပ်ရာက နိုးတာနဲ့ အသံကျယ်ကြီးနဲ့အော်ကာ ချက်ချင်းထထိုင်လိုက်တဲ့ PPကို Khunမေးလိုက်ခြင်းပင်။

"ငါ အိပ်မက်မက်နေတာပေါ့ ဟူး တော်သေးတယ်"

"ဘာတွေမက်နေတာလဲ မနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာရော မှတ်မိရဲ့လား အမွှေစိန်ရဲ့"

"ငါ ဘာတွေလုပ်ခဲ့လို့လဲ"

"PPမနေ့ညက စီနီယာတွေရဲ့ alcoholရောထားတဲ့ အအေးတွေသောက်ပြီးမူးနေခဲ့တာ တော်သေးတယ် BKကခေါ်ထားပေးလို့"

ဟမ်...ဒါဆို မနေ့ညက ဟိုတစ်ယောက်နဲ့တကယ် အတူတူရှိနေခဲ့တာလား...
ခုနကဟာက အိပ်မက်မဟုတ်ဘဲ တကယ်ကြီး ငါမူးပြီး လျှောက်လုပ်ခဲ့တာလား သေပါပြီ...။

PPတွေးပြီး ခြောက်ခြားနေလေပြီ...

"PPဘာတွေလန့်နေတာလဲ"

"ဟို ငါမနေ့က ဘာတွေလုပ်ခဲ့သေးလဲဟင် Billkin Putthipongကဘာပြောသေးလဲ"

"ငါရောက်လာတော့ သူက အိပ်ပျော်နေတဲ့ P ကို ကုန်းပိုးထားတာပဲ ဘာမှproblemမရှိပါဘူး အဲ့ရှေ့ပိုင်းဘာတွေဖြစ်ခဲ့လို့လဲ"

"ဘာ ဘာမှမဖြစ်ပါဘူး"

"ဒါဆို အမူးပြေအောင် ဒါသောက်လိုက် မူးနေသေးရင် ဒီနေ့တစ်ရက် အတန်းဖျက်လိုက်လေ ငါစာပြန်ကူးပေးမယ်"

"နိုး နိုး Khun ရတယ် အတည်ပြုစရာလေးတစ်ခုရှိလို့ ဒီနေ့အတန်းတက်မှဖြစ်မယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"PP မျက်နှာကို ဘာလို့လွယ်အိတ်ကြီးနဲ့ကွယ်ထားရတာလဲ ဟမ်"

▪️ I N T E R S E C T I O N ▫️Where stories live. Discover now