▪️Ep 18▪️(U+Z)

376 39 16
                                    

~18~ (U)

"PP.......PP"

Kin ရဲ့ ပါးစပ်ကနေ PPနာမည်ကို တရစပ်ခေါ်နေမိရင်း တုန်ယင်နေတဲ့လက်နှစ်ဖက်ကိုငုံ့ကြည့်တော့ စိုရွှဲနေတဲ့သွေးတွေကနီရဲလို့နေသည်။ Operationခန်းရဲ့အရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း အကြိမ်ကြိမ်တောင်းနေမိတဲ့ တစ်ခုတည်းသောဆုက...

" PP ဘာမှမဖြစ်ပါစေနဲ့" ။

ပြေးထွက်သွားတဲ့ PPရဲ့နောက်ကို
Kin လိုက်သွားတဲ့အချိန်မှာ
အဝေးကနေ လှမ်းတွေ့လိုက်တာက
တစ်ယောက်တည်း ကားလမ်းဖြတ်ကူးနေတဲ့ PP။
အသက်မဲ့သလိုဘေးဘီဝဲယာကိုမကြည့်ဘဲ လျှောက်နေတဲ့ PP က မီးပွိုင့်မီးစိမ်းသွားတာကိုလည်း သိပုံမရဘူး ။
ကားတစ်စီးကအရှိန်ပြင်းပြင်းနဲ့ PPဆီမောင်းလာနေတာကိုတွေ့လိုက်တာနဲ့
PP နာမည်ကို အသားကုန်အော်ခေါ် ပြီးပြေးသွားတာတောင် Kin အချိန်မီမရောက်နိုင်ခဲ့ပါဘူး။

မျက်စိရှေ့တည့်တည့်မှာဖြစ်သွားတဲ့ အဖြစ်အပျက်က ခုထိ Kin ရဲ့ မျက်လုံးထဲကမထွက်သေးဘဲ...
PP ကို မကယ်လိုက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်နေမိတယ်။

"လူနာရှင်လား"

ခွဲခန်းထဲက ထွက်လာတဲ့သူနာပြုက Kinကိုမေးလိုက်ခြင်းပင်။

"ဟုတ်ပါတယ်"

"လူနာရဲ့မိသားစုလား လူနာက သွေးသွင်းဖို့လိုနေတယ် သွေးအုပ်စုတူလား"

"ဗျာ ကျွန်တော် PPရဲ့သွေးအုပ်စုကိုမသိဘူး ကျွန်တော်သွေးကတော့..."

Kinစကားမဆုံးခင်မှာပဲ ခွဲစိတ်ခန်းနားကိုရောက်လာတဲ့ Khun...။
Khunနဲ့အတူ PPရဲ့အမေ Susanပါလာသည်။

"သားလေး သားလေး ဘယ်လိုဖြစ်ရတာလဲဟင် ဆရာမ သားလေး အခြေအနေဘယ်လိုလဲဟင် စ်ိုးရိမ်ရလား"

Susanမျက်နှာမှာ စိုးရိမ်ပူပန်ခြင်းအပြည့်နဲ့ သူနာပြုကိုတွေ့တာနဲ့ မေးခွန်းတွေတရစပ်မေးတော့သည်။

"အခြေအနေကတော့ မသိရသေးဘူး လောလောဆယ်သွေးသွင်းဖို့လိုနေတယ် လူနာနဲ့ဘာတော်လဲ"

"သူ့အမေပါ"

"သွေးအုပ်စုတူလား"

"PPက Bပေမယ့် ကျွန်မက ABဆိုတော့ ပေးလို့မရဘူးထင်တယ်နော်"

▪️ I N T E R S E C T I O N ▫️Where stories live. Discover now