▪️Ep 10▪️(U+Z)

452 58 38
                                    

(Unicode)
ဖုန်းScreenပေါ်မှာ ပေါ်နေတဲ့ ဓာတ်ပုံလေးကို Kin ငေးကြည့်နေတာ သုံးမိနစ်ခန့်ရှိပြီထင်သည်။ ဆရာမ မလာခင် အတန်းထဲမှာ စားပွဲခုံပေါ်မှောက်ပြီး အိပ်နေတဲ့သူ့ကိုအဝေးကနေ Kinကိုယ်တိုင် လှမ်းရိုက်ထားတဲ့ပုံလေး...

1st Testမဖြေခင်က ကျောင်းတက်တာတစ်လပြည့်ပြီမို့ ကိုယ်ကြိုက်တဲ့သူနဲ့ပြောင်းထိုင်လို့ရပြီလို့ဆရာမအတန်းထဲမှာ ကြေညာလိုက်တဲ့အချိန်မှာ Dreamတို့က ဝမ်းသာအားရ Kinကိုလှမ်းခေါ်ကြသည်။

အဲ့ဒီအချိန်က PPမျက်နှာပျက်သွားတာကို Kinသတိထားမိလိုက်ပေမယ့် အခု Test Resultတွေထွက်ပြီးလို့ တကယ်ခုံနေရာပြောင်းရတဲ့အခါမှာတော့ နည်းနည်းလေးတောင် မတွန့်ဆုတ်ဘဲ PPကအရင် နေရာပြောင်းသွားခဲ့တယ်။

အဲ့ဒီတော့ Kinလည်း စတုတ္ထတန်းက Dreamတို့ဆီပဲသွားထိုင်ဖြစ်တာပေါ့ ...
PPနဲ့ Khunရဲ့ထိုင်ခုံတွေက Kinနဲ့မျက်စောင်းထိုးနှစ်ယောက်သုံးယောက်ကျော်လောက်မှာရှိတယ်။

PPက Kinကို အဲ့နေ့ကစပြီး လုံးဝစကားမပြောတော့ဘူး...
ဘာလို့ပြောင်းလဲသွားလဲမသိပေမယ့် Test Resultကြောင့်လို့ပြောရအောင်လည်း PPက ကျသွားခဲ့တာမှမဟုတ်တာ...
ဂုဏ်ထူးမှတ်မရပေမယ့် အောင်မှတ်တော့ရတာပဲလေ
Kinတော့ PP ကိုနားမလည်တော့ပါ...

အတူတူမထိုင်ရတော့ပေမယ့် ကိုယ်နဲ့မထိုင်ချင်လို့မှ အဝေးမှာသွားထိုင်နေတဲ့သူကို ဓာတ်ပုံခိုးရိုက်ထားမိတဲ့ ကိုယ့်ကိုယ်ကိုလည်း အံ့ဩနေမိတယ်။

ဓာတ်ပုံကိုငေးကြည့်ရင်း စဉ်းစားနေတုန်း ဖုန်းscreenပေါ်မှာပေါ်လာတဲ့ ထူးထူးခြားခြား Notificationတစ်ခုကြောင့် Kinတစ်ယောက် အိပ်နေရာကနေတောင် ထထိုင်လိုက်မိတယ်။

"PP Kritt joined the group chat"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဟာ ရှုပ်နေတာပဲ" "အင်းဟာ မှင်မထွက်ချင်ဦး"
"စာလုပ်ရတာအဆင်မပြေလို့ ဂိမ်းဆော့တော့လည်း ရှုံးနေတာပဲ"

PPတစ်ယောက် အခန်းထဲမှာ ဟိုပစ္စည်းလွှတ်ပစ်လိုက် ဘောပင်မှင်မထွက်လို့ပစ်ပေါက်လိုက်...ဂိမ်းဆော့ရင်းအော်လိုက်နဲ့ အမျိုးစုံဖြစ်နေသည်။

▪️ I N T E R S E C T I O N ▫️Where stories live. Discover now