▫️Ep 3▫️(U+Z)

534 54 30
                                    

~3~ (Unicode)

"Congratulations ပါ Billkin Putthipongရေ"

"ကျေးဇူးပါ P'
  မားရေ P'Sunnyလာပြီ Hokkien Meeလေးတစ်ပွဲထပ်ပေးပါဦး"

Kin ကို ဂုဏ်ပြုဖို့ရောက်လာတဲ့ Sunnyကို Namက သူ့လက်ရာ Hokkien Meeတစ်ပွဲချပေးလိုက်သည်။

"အစ်မလက်ရာကတော့ ဘယ်ချိန်စားစားမရိုးသွားဘူး"

Namကရယ်ကာ
"မုန့်ကအစတည်းက အလကားကျွေးပြီးသားပါ ငါ့မောင်ရယ် အစ်မကိုမမြှောက်ပါနဲ့"

"တကယ်ပြောတာပါ အစ်မကလည်း"

"ကဲဟုတ်ပါပြီ အစ်မ ဧည့်သည်တွေဆီသွားလိုက်ဦးမယ် Kinက Sunnyကို ဧည့်ခံလိုက်နော်"

"ဟုတ် မား"

"P' ရေ မားက ကျွန်တော် ဝင်ခွင့်ရတဲ့ အထိမ်းမှတ်အနေနဲ့ ဒီနေ့ညဆိုင်ကို လာစားတဲ့လူတွေအကုန်အလကားကျွေးနေတာ"

"ဟုတ်လား အစ်မတော်တော်ပျော်နေပုံပဲ အခုလည်းကြည့် ဧည့်သည်တွေနဲ့ ရယ်မောပြီးစကားတွေပြောနေတာ"

"ကျွန်တော့်အကြောင်းပြောနေတာပဲနေမှာ မားကကျွန်တော့်အကြောင်းပြောရရင်ပြုံးနေတာ"

"ဘာပဲဖြစ်ဖြစ် အကိုLiamမရှိပေမယ့် မင်းရှိနေတော့ အမNamစိတ်ချမ်းသာရလို့တော်သေးတာပေါ့"

"ဟုတ်တယ် P' ဒါပေမယ့် ကျွန်တော် Bangkokသွားရင် မားကိုထားခဲ့ရမှာ"

"ဪ ဒါများ P'ဆို  Bangkokနဲ့ Phuketကို အိမ်ဦးနဲ့ကြမ်းပြင်လိုသွားလိုက်ပြန်လိုက်လုပ်နေတာပဲ ပိတ်ရက်မှာ ပြန်လာနေပေါ့"

"မားနဲ့နေ့တိုင်းတော့ အတူမနေရဘူးပေါ့"

"ဒါကတော့ မင်းကအရွယ်ရောက်လာပြီလေ
ဒါနဲ့ မင်းBangkokမှာနေစရာရှာမနေနဲ့တော့ ငါ့အိမ်မှာလာနေ အဲ့မှာ မင်းလိုပဲ နောက်ထပ်ဆေးကျောင်းသားနှစ်ယောက်ကိုလည်း အဆောင်ငှားပေးထားတယ် မင်းကတော့ အလကားနေပေါ့"

"မဟုတ်တာ P'ရာ အလကားတော့မနေပါရစေနဲ့"

"ဒီလူအချင်းချင်းပဲဟာ ....ဟာ Kin...Kinဟို မှာ ဘယ်သူလာလည်းကြည့်ပါအုန်း"

Sunnyက ဆိုင်အဝင်ဝကိုမြင်နေရတာမို့ အလန့်တကြား လှမ်းအော်လိုက်တော့ Kinလည်း လှည့်ကြည့်မိသည်။

▪️ I N T E R S E C T I O N ▫️Where stories live. Discover now