▫️ Ep 13 ▫️(U+Z)

419 53 25
                                    

~13~(Uni)
"အိမ်စာက ပြီးတာကြာပေါ့ ဂိမ်းတောင်ဆော့နေပြီ"

"ဂိမ်းကိုညနက်တဲ့ထိမဆော့နဲ့လေ စောစောအိပ်နော် Good night"

"အင်း Good Night"

PP တစ်ယောက်ယောက်နဲ့ဖုန်းပြောနေတာကို Khunအခန်းဝမှာကွယ်ပြီး နားထောင်နေမိသည်။ ဒါ ဘယ်သူနဲ့ပြောနေလဲဆိုတာ PPကိုမေးစရာမလိုဘဲ ညနေကPP ကားပေါ်မှာ ပြောခဲ့တဲ့စကားတွေအရ ဘယ်သူဆိုတာ Khunရိပ်မိနေသည်။

"Khunပါအတူတူလာစာလုပ်ပါလား စာလည်းပြီးတယ် ပျော်ဖို့လည်းကောင်းတယ်"

PPမျက်နှာက အရင်နေ့တွေကထက် လန်းနေပြီး တက်ကြွနေသည်။

"Khunက အဲ့ဒီ အချိန်မအားဘူးလေ ပန်းချီသင်တန်းတက်ဖို့စာရင်းပေးပြီးသွားပြီ"

"ဪ အင်းနော်"

စာလုပ်ဖို့တက်ကြွနေတဲ့ PPရဲ့ပုံစံကို Khunအရင်က သိပ်မမြင်ဖူးဘူး...

အခုလည်း PPက Kinနဲ့ဖုန်းပြောပြီးတာနဲ့ ဂိမ်းဆက်မဆော့ဘဲ အိပ်ဖို့ပြင်နေလေသည်။

"Khunရေ ငါအိပ်ပြီ!"

Khunပြန်မပြောမိပါ..
Khunဖြေလိုက်ရင် ​PPအခန်းရှေ့မှာကွယ်ပြီး ဖုန်းပြောတာခိုးနားထောင်နေမှန်းသိသွားမယ်မဟူတ်လား..

"Khunရေ!... အင်း သူအိပ်သွားပြီထင်တယ်"

ဟိုဘက်အခန်းက Khunဆီက ဘာအသံမှမကြားတော့ အိပ်သွားလောက်ပြီထင်တာမို့ PPဆက်မပြောတော့ဘဲ အိပ်လိုက်သည်။
PP မီးပိတ်ပြီး စောင်ခြုံကာဟိုဘက်လှည့်သွားသည်ထိ Khunဘာသံမှမပြုဘဲ ချောင်းကြည့်နေမိသည်။

Khunမကြိုက်ဘူး...
အခြားတစ်ယောက်ကြောင့် PPပြောင်းလဲသွားတာကို Khunလုံးဝမကြိုက်ဘူး...
PPက အရင်ကတည်းက Khunအပိုင်ပဲ ဖြစ်ခဲ့တာ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~
"စာတွေကို အရင်နားလည်အောင်နှစ်ခေါက်လောက်ဖတ်ရတယ် ပြီးမှ ကျက် အဲ့တာဆိုပိုမှတ်မိတယ်"

"အံမယ် ပြိုင်ဘက်ကို စာကျက်နည်းတွေပေးရဲတယ်ပေါ့"

PPက အဲ့လိုပြောတော့ Kinက Pရဲ့ ခေါင်းကို စာအုပ်နဲ့ မနာအောင် အသာလေးထုသည်။

"ပြိုင်ဘက်မဟုတ်ပါဘူးဆို ဘယ်နှခါပြောရမလဲ"

"ငါကတော့ ပြိုင်ဘက်လို့ထင်နေတုန်းပဲ"

▪️ I N T E R S E C T I O N ▫️Where stories live. Discover now