▫️Ep 11▫️(U+Z)

442 57 39
                                    

~11~ (U)

"ဒီလကုန် စာမေးပွဲပြီးရင် တစ်နေရာရာသွားရအောင်"

"အင်း Khun သွားကြမယ်လေ"

ကန်တင်းဘက်သွားတဲ့လမ်းမှာ PPနဲ့ Khun စကားပြောကာ လမ်းလျှောက်လာရင်း အရှေ့ကဖြတ်သွားတဲ့ လူနှစ်ယောက်ကြောင့် PPအာရုံတွေလွင့်သွားရသည်။

သူတို့က ကန်တင်းက ပြန်လာပြီး clubတွေရှိတဲ့နေရာကိုဦးတည်ပြီးသွားနေကြတာ...ရယ်မောရင်း စကားပြောသွားလိုက်ကြတာ PPကိုတောင်မမြင်ဘူး...
သူတို့ ဘယ်Clubကိုသွားမှာလဲဆိုတာ PPပြေးကြည့်စရာမလိုဘူး မှန်းလို့ရပြီးသား...
Violin clubမှာ အကြည့်ချင်းဆုံပြီး ဒီလိုပဲရယ်မောရင်း ပျော်မြူးနေဦးမှာဆိုတာ PPကြိုသိနေသည်။

"တတ်လည်းတတ်နိုင်တယ် ...Billkin Putthipongရယ်"

PPစိတ်ထဲမှာ တွေးရင်း Violin Clubထဲမှာ တယောထိုးနေကြမယ့် Kinနဲ့ Smileကိုမြင်ယောင်လာသည်။

တယောထိုးသင်ရင်း မျက်နှာတွေနီးကပ်ပြီး PPနဲ့တုန်းကလို နှုတ်ခမ်းတွေအထိ...

"Omg.ငါနဲ့တုန်းကလိုများ..."
PPသူ့ဘာသာ တစ်ယောက်တည်းမြင်ယောင်နေသည်။

"PP.....ဘာတွေတွေးပြီးတစ်ယောက်တည်းစကားတွေပြောနေတာလဲ Khunမေးတာလဲမဖြေဘူး"

"ဟမ်...ဪ ဆောရီး ဆောရီး ငါအတွေးလွန်သွားလို့"

Khunကို sorryသာပြောတာ အတွေးစကမပြတ်ဘဲ ဆက်တွေးနေပြန်သည်။
"ခုနက တွေးသလို တကယ်ကြီးဖြစ်နေမလားမသိဘူး..."

"PP...တွေးနေတုန်းပဲလား ပြောတာမကြားပြန်ဘူး"
Khunစိတ်မရှည်တော့ပေ...

အတွေးကနေ သတိပြန်ဝင်လာပြန်တဲ့PPက
"ဟမ် နောက်မှပြောလို့ရမလား ငါအခန်းထဲမှာ ပိုက်ဆံအိတ်ကျန်ခဲ့လို့ သွားယူလိုက်ဦးမယ် ကန်တင်းမှာ တစ်ခုခုမှာထားနှင့်နော်"

PPက အဲ့လိုပြောပြီး ကျောင်းခန်းတွေရှိတဲ့ဘက်ပြန်ပြေးသွားသည်။
တကယ်တော့ PPရဲ့ပိုက်ဆံအိတ်တကယ်ကျန်ခဲ့တာ မဟူတ်လောက်ဘူးဆိုတာကို Khunရိပ်မိသည်။

ခုနက PPကို အတူတူ ရုပ်ရှင်သွားကြည့်ကြမလားလို့ Khun မေးနေတာကို မကြားရလောက်သည်အထိ PPစိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာကိုတော့ Khunမသိနိုင်ပါလေ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Kinက ဉာဏ်ကောင်းလို့လားမသိဘူး အတတ်မြန်တယ် တယောကို တော်တော်ထိုးတတ်နေပြီပဲ"

▪️ I N T E R S E C T I O N ▫️Donde viven las historias. Descúbrelo ahora