▫️Ep 17 ▫️(U+Z)

472 45 47
                                    

Ep 17

"ဘာ! ယောင်္ကျားလေးဟုတ်လား"

Kinကခေါင်းညိတ်လိုက်တယ်။

အရင်ကတည်းက ပါးတို့ကိုပြောပြဖို့တွေးထားပေမယ့် ဒီလောက်မြန်မြန်ပြောလိုက်ရမယ်လို့တော့မထင်ခဲ့မိဘူးလေ..

"မင်းကွာ! မိန်းကလေးဆိုရင်တောင် လက်ခံနိုင်သေးတယ်...အခုတော့... အစကတည်းက ဂုဏ်သိက္ခာကျနေတဲ့ငါတို့အိမ်ကို မင်းက သိက္ခာထပ်ချလိုက်တာပေါ့လေ"

"ပါး...သားတောင်းပန်ပါတယ်"

"တော်ပြီ မင်းမျက်နှာကိုမကြည့်ချင်ဘူး မင်းထွက်သွားရင်ထွက်သွား မထွက်သွားရင် ငါထွက်သွားမယ်"

ခေါင်းငုံ့ထားတဲ့ Kinရဲ့မျက်ရည်တွေက ဒူးပေါ်ကို တစ်ပေါက်ချင်းကျတယ်။

မထင်မှတ်ထားတဲ့ကိစ္စကြောင့် Liamလည်း အရမ်းကို Shockဖြစ်သွားတာမို့ ဒေါသတွေနဲ့ အော်ဟစ်နေတယ်။

"သားရယ်..."
မားကတော့ Kinကိုဖက်ပြီးငိုနေလေရဲ့...
တောက်ခေါက်ပြီး အိမ်ပြင်ထွက်သွားတဲ့ ပါးကို Kinဘာမှထပ်မပြောရဲဘူး။

"သားလေးရယ်...မားကတော့ သားကိုစိတ်မဆိုးပါဘူး ပါးကလည်း စစကြားခြင်းမို့ ဒေါသတွေထောင်းခနဲထွက်သွားတာဖြစ်မှာပါ...ဒါပေမယ့် သားရယ် သားရဲ့စိတ်တွေကို ပြန်ထိန်းလို့မရဘူးလားဟင်"

"ဗျာ..."

"သားတကယ်ပဲ ချစ်သွားလို့လား ဒါမှမဟုတ် ဒီတိုင်းစိတ်ကစားတာရောမဖြစ်နိုင်ဘူးလား"

မားက စိတ်မဆိုးပေမယ့် လက်မခံနိုင်ဘဲ မျက်ရည်တွေနဲ့မေးနေတယ်။

"သားလည်း စိတ်ကစားတာလို့ထင်ခဲ့ပေမယ့် ကြာလာတော့သူ့နဲ့အတူတူရှိနေချင်တာသေချာသွားတယ် မား...သား သူ့ကိုချစ်နေမိပြီ ဖွင့်တောင်ပြောပြီးပါပြီ"

"သူကရော သားကိုချစ်ရဲ့လား..."

မားမေးတဲ့မေးခွန်းက Kinကို အဖြေမဲ့စေသည်။

"သူက အဖြေပေးပြီးပြီလား"

PPက Kinကိုခုထိအဖြေမပေးရသေးပါ...
ဒါပေမယ့် အဖြေပေးဖို့သတ္တိမရှိသေးလို့ဖြစ်မှာပါလို့ ဖြည့်တွေးပေးခဲ့တယ်။

▪️ I N T E R S E C T I O N ▫️Where stories live. Discover now