▪️Ep 4▪️(U+Z)

474 60 40
                                    

~ 4 ~ (Unicode)

Chulalongkorn Universityရဲ့ စုဝေးခန်းမထဲမှာ ကျောင်းသားတွေတော်တော်များများရောက်နေကြပြီ...

Kinကတော့ အစွန်တစ်ခုက လွတ်တဲ့နေရာမှာ အမြန်ပြေးထိုင်လိုက်တယ်။ အခြားသူတွေလို နေရာဦးပေးမယ့် သူငယ်ချင်းမရှိတော့ ကိုယ်ကဦးအောင်ယူထားမှ ရမယ်မဟုတ်လား...

နေရာရပြီဆိုတော့ ပတ်ဝန်းကျင်အသစ်ကို Kinအကဲခတ်ရပြီ..
စုဝေးခန်းဆိုတာ ရုပ်ရှင်ကြည့်တဲ့ Theatreလို့ ပုံစံမျိုးပဲ အလယ်မှာ လူသွားလမ်းရှိပြီး ခုံအရှည်တွေကို အဆင့်ဆင့်ထားထားတာမျိုး...

ကျောင်းစတက်မယ့်အချိန် မနက် 9နာရီထိုးခါနီးထိ ကျောင်းသားကျောင်းသူတွေက အခန်းထဲကို ဝင်လိုက်ထွက်လိုက်လူပ်နေကြတုန်းပဲ...

အခန်းတစ်ခုလုံးကို ဝေ့ပတ်ကြည့်နေတဲ့ Kinရဲ့ မျက်လုံးတွေဟာ တံခါးကနေဝင်လာတဲ့ တစ်စုံတစ်ယောက်ဆီရောက်မှ အကြည့်ကရပ်တန့်သွားတယ်။

ပထမဆုံးစသတိထားမိတာက အရမ်းကိုဖြူလွန်းတဲ့အသားအရည်...

အသားဖြူတယ်ဆိုတဲ့လူတွေထဲမှာတောင် အဖြူဆုံးလို့ပြောရမလား...

ယောင်္ကျားလေးဖြစ်ပြီး ဒီလောက်အသားဖြူတာ Kinမမြင်ဖူးဘူး...
စဉ်းစားရင်း ကိုယ့်လက်ကို ငုံ့ကြည့်ပြီး သိမ်ငယ်လာတယ်။
ငါ့ မားနဲ့ပါးက တရုတ်စပ်တော့ ဖြူပြီးငါကျ ဘာလို့ညိုရတာလဲဆိုတာကတော့ Kinသိတတ်စကတည်းက အမြဲတွေးနေကျ အတွေးရယ်ပါ...

အဲ့ဒီကောင်လေးက အများနည်းတူ အဖြူရောင် ရှပ်လက်ရှည်ဝတ်ထားပြီး ဆံပင်ကိုသပ်တင်ထားပေမယ့် အခြားသူတွေနဲ့တူမနေဘဲ လူလယ်ခေါင်မှာ ထူးထူးခြားခြားထင်းလို့နေတယ်။အဝေးကမြင်နေရတာတောင် မျက်နှာက နုနုလေးမို့ တော်တော်ချောမယ်လို​့ Kin ခန့်မှန်းမိနေတယ်။

... ထူးဆန်းတာက ရင်းရင်းနှီးနှီးမြင်ဖူးနေပေမယ့် ဘယ်မှာတွေ့ဖူးလဲ Kin ရုတ်တရက် မမှတ်မိတာပဲ...။

"ယောကျင်္ားလေးရော ဟုတ်ရဲ့လား ဇာတ်ကားတွေထဲကလို မိန်းကလေးက ယောကျင်္ားလေး ဟန်ဆောင်ထားတာလား... ဒါမှမဟုတ် ယောင်္ကျားလျာလား
မဖြစ်နိုင်တာ ဘောင်းဘီဝတ်ထားတာပဲဟာ ယောင်္ကျားလျာဆိုရင် ကျောင်းစည်းကမ်းအရစကတ်ပဲဝတ်ရမှာ..."
Kinတစ်ယောက်တည်း ဒွိဟတွေဖြစ်နေတာပေါ့..

▪️ I N T E R S E C T I O N ▫️Where stories live. Discover now