▪️Ep 16▪️(U+Z)

361 46 19
                                    

~16~ (U)

Plum အလုပ်သင်ဆရာဝန်ဘဝက နှစ်နှစ်လောက် အဆောင်အတူတူနေခဲ့တဲ့ အဆောင်ဖော် သူငယ်ချင်း Panရဲ့ အိမ်လိပ်စာကို စုံစမ်းပြီး Plumသွားကြည့်တော့ တံခါးလာဖွင့်ပေးတဲ့ Panနဲ့ တန်းတွေ့သည်။

Panက Plumကိုတွေ့တွေ့ချင်း ဘာတစ်ခွန်းမှ မပြောနိုင်ဘဲ အကြာကြီးငေးကြည့်နေသည်။

"နင် နင်Plumမလားဟင်"

"ဟုတ်ပါတယ် Pan ငါ Plumပါ"

"Plumရယ် နင်မသေဘူးနော်"

"ငါမသေပါဘူးဟာ"

အဲ့တော့မှ Panလည်း မျက်ရည်တွေဝဲပြီးPlumကိုဖက်ငိုသည်။

"ငါ ငါ့မှာ နင်သေသွားပြီဆိုလို့ တစ်ချိန်လုံး ယူကြုံးမရဖြစ်နေခဲ့တာ ဒါအိပ်မက်လားဟင် ဒါမှမဟုတ်ဘုရားသခင်က ငါ့ကိုသနားလို့ နင့်ကိုဖန်ဆင်းပေးလိုက်တာလား ထပ်ပြီးမွေးဖွားလာတာလား ငါမယုံနိုင်လို့ပါဟာ"

မျက်ရည်တွေတွင်တွင်ကျရင်း ပြောနေတဲ့ Panကို Plumကြည့်ရင်း ပြုံးပြလိုက်သည်။

"ငါထပ်မွေးဖွားလာတာမဟုတ်ပါဘူး ငါအဲ့ဒီနေ့က မသေကိုမသေခဲ့တာပါ"

"ဝမ်းသာလိုက်တာ Plumရယ် ငါတောင်ဒီလောက်ပျော်တာ နင်မသေတာသိရင် P'Sunသိပ်ပျော်မှာသိလား သူ့ခမျာ ခုချိန်ထိ ခံစားနေရရှာတာ"

"P'Sun..."
Panပြောလိုက်မှ သူ့ကိုရုတ်တရက်သတိရသွားသည်။

"သူကော အဆင်ပြေတယ်မလား သူ့မိသားစုကော နေကောင်းကြတယ်မလား"

"သူက ဘန်ကောက်နဲ့ ဖူးခက်ကို အိမ်ဦးနဲ့ကြမ်းပြင်အသွားအပြန်လုပ်နေတာ ဆေးခန်းနှစ်ခုထိုင်တယ်လေ ဒါနဲ့နင် သူ့ဆီမသွားဘူးလား"

"သူက သူ့အိမ်ထောင်နဲ့သူဖြစ်နေပြီလေ ငါမသွားတော့ပါဘူး"

"ဟမ် မဟုတ်ပါဘူး သူက ခုချိန်ထိလူပျိုကြီးပါ နင်သေသွားတယ်လို့သူထင်နေတာတောင် ခုထိ အိမ်ထောင်မပြုသေးဘူး"

​Plumအံ့ဩမိခြင်းနဲ့အတူ ခုမှပဲဇာတ်ရည်လည်တော့သည်...

ငယ်ငယ်က Plumအိမ်က မိဘမဲ့တစ်ယောက်ဖြစ်တဲ့Sunnyနဲ့သဘောမတူခဲ့ပါ..။

▪️ I N T E R S E C T I O N ▫️Where stories live. Discover now