▫️Ep 15▫️(U+Z)

396 54 27
                                    

~15~ (U)
"ငါချစ်ရတဲ့သူက...PP Krittတဲ့"

PPရဲ့ကမ္ဘာကြီး ခေတ္တရပ်တန့်သွားသလိုပဲ အချိန်နာရီတွေလည်းနှေးသွားသည်။

PP မျှော်လင့်နေခဲ့တဲ့ စကားကို မထင်မှတ်ထားဘဲ Kinဆီကနေ ကြားလိုက်ရတာမဟုတ်လား...
Kinလည်း PPအပေါ် ခံစားချက်ရှိလောက်မှာပါလို့မျှော်လင့်နေပေမယ့် မသေချာခဲ့ဘူး...အခုတော့ Kinနှုတ်ဖျားက ကိုယ်တိုင်ထွက်ကျလာခဲ့တယ်။
အိပ်မက်များလား လို့ ယောင်ယမ်းပြီး သံသယဝင်မိပြန်တယ်။

Kinတိုးတိုးလေးကပ်ပြောတဲ့စကားလေးကတော့ ရိုးရိုးလေးပေမယ့် PPရင်ထဲက နှလုံးခုန်သံတွေကို ကျယ်လောင်သွားစေသည်လေ...

"P...ငါပြောတာကြားလိုက်ရဲ့လား"

​အံ့ဩပြီး ဘာမှပြန်မပြောတဲ့ PPကို Kinက သေချာအောင်ထပ်မေးလိုက်သည်။

ဒီစကားကို Kinလည်း မနည်းသတ္တိမွေးပြီး ပြောဖြစ်ခဲ့တာပါ...

လရောင်အောက်မှာ မြင်နေရတဲ့ ယောင်္ကျားလေးတစ်ယောက်လှသင့်သည်ထက်ပိုလှသော ဖြူနုနေတဲ့မျက်နှာလေးက ပြုံးကာ Kinကို အပြည့်အဝနားလည်ပေး​ေနတယ်လေ...

တစ်ချိန်က ပြိုင်ဘက်ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်လေးဟာ ဒီညမှာတော့ Kinကို ကာကွယ်ပေးမယ့် အုပ်ထိန်းသူကြီးဖြစ်နေလေရဲ့..

Kinဒီစကားကို မပြောလိုက်ရမှာ အရမ်းကြောက်နေမိတယ်...
ဒီမျက်နှာလေးကိုလည်း နောက်ထပ်မမြင်ရမှာ ကြောက်မိပြန်သည်။ ဒါကြောင့် PPပြန်ချစ်သည်ဖြစ်စေ... မချစ်သည်ဖြစ်စေ... PPကို သူမြတ်နိုးနေမိတာကိုတော့ သိစေချင်တာမို့... သတ္တိမွေးကာ ဖွင့်ပြောလိုက်မိတယ်။

"ငါ့ကို Kin ရည်းစားစကားပြောလိုက်တာလားဟင်"

"အင်းလေ PPပဲ သိချင်တယ်ဆို"

"ဟင့်အင်း... မသိချင်တော့ဘူး"

PPမျက်နှာ ဒီညမှ အရင်နေ့တွေကနဲ့မတူဘဲ နီနီလေး ဖြစ်နေတာကို Kinလရောင်အောက်မှာ မထင်မရှားမြင်နေရသည်။ အရက်တွေ မူးပြီး Kinကို PPရစ်တဲ့နေ့ကိုတောင်သွားသတိရမိတယ်။

"ဟာ ဘယ်လိုလုပ်ရမလဲ ငါပြောမိသွားပြီလေ"

"ငါ ... ငါ အစားအသောက်တွေမှာထားတယ် ရောက်ပြီထင်တယ် ပြီးတော့ Khunလည်း တစ်ယောက်တည်းကျန်ခဲ့တယ် ငါဆိုင်ထဲဝင်တော့မယ်နော် မင်းလည်း အလုပ်ပြန်လုပ်တော့ တော်ကြာပြုတ်နေမယ်"

▪️ I N T E R S E C T I O N ▫️Donde viven las historias. Descúbrelo ahora