Part 8 ( Unicode )

3.3K 591 109
                                    

အထွန်းတို့ အိမ်က မြို့အစွန်ရောက်နေသောကြောင့် လူသူအရောက်အပေါက်နည်းသည်။

ရပ်ကွက်လေးထဲ အိမ်ခြေ ကလည်း များများစားစားမရှိသည့်အတွက် ပို၍ပင် တိတ်ဆိတ်နေပြန်သည်။

အခြေခံလူတန်းစား အများစု နေကြသော ထိုရပ်ကွက်လေးသည် သဘောကျစရာတော့ကောင်းသည်။ အိမ်က သေးသေး ၊ ခြံကကျယ်ကျယ် ။

အိမ်သေးသေး တွင် ဖြစ်သလို နေကြထိုင်ကြပြီး ခြံကျယ်ကျယ်ထဲတွင်တော့ သီးပင် စားပင်များကို စိုက်ကြသည် ။
စိုက်ကြသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်  အလေ့ကျပေါက်နေသော အပင်တို့က များပါသည် ။

အထွန်းတို့ခြံထဲတွင်တော့ စိုက်ထားရသော အပင်ဟူ၍ ဘူးပင် ၊ ခရမ်းချဉ်သီးပင် နှင့် ငရုတ်ပင်လောက်သာ ရှိသည် ။

ဆူးပုပ်ပင် ၊ သဗြုပင်မှ အစ သီဟိုဠ်ပင်အထိရှိသည် ။ အထွန်း အိမ်နောက်တွင်ရှိသော တောင်ပေါ်တက်လျှင် ငှက်ပျောပင် တို့ တန်းစီနေသည်။ တောင်အောက်တွင်တော့ ဆီးသီးပင် သုံးလေးပင်က ဟိုတစ်ပင် ဒီတစ်ပင် ။

စွပ်ကျယ် အဖြူနှင့် ဘောင်းဘီ အတို ဝတ်ထားသော အထွန်းသည် သားရေဖိနပ်ကို ဟန်ပါပါချွတ်ရင်း ဆီးသီးပင်ကို ပစ်သည် ။

လက်နဲ့ အသေအချာ ခူးချင်ပေမယ့် အထွန်းမှ မမီတာ။

နေပူပူတွင် အထွန်းတစ်ယောက် အလုပ်များနေတော့သည်။

ဖိနပ်ကို မိုးပေါ်ထောင်ပစ်လိုက် ၊ ကြွေကျလာသော ဆီးသီးတွေကို ခမောက်ထဲ ထည့်လိုက် ၊ စွပ်ကျယ်အင်္ကျီဖြင့် သုတ်ပြီး စားလိုက်။

"အထွန်း အဲ့ ဆီးသီးတွေပဲ ကောက်စားမနေနဲ့လေ"

ဟင်းချက်နေသော အမေက လှမ်းအော်တော့ အထွန်းပလုပ်ပလောင်း စားနေရာမှ ရယ်ပြလိုက်ရင်း

"ကောက်မစားပါဘူး အမေရဲ့ ၊ ခူးစားတာ အမေ့အတွက်ရော ခူးခဲ့ရမလား "

"ဟဲ့ ခူးလည်း မစားနဲ့တော့ ၊ ခဏနေရင် ထမင်းစားတော့မှာ "

"ဟုတ်"

ထိုအခါမှ လက်ကျန်ဆီးသီး ‌ငါးလုံးလောက်ကို ပါးစပ်ထဲ ပစ်ထည့်ပြီး တစ်လှမ်းချင်း လမ်းလျှောက်လာလိုက်သည် ။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now