Part 32 ( Unicode)

2.4K 346 38
                                    


ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ လေးချက်ကို ကြားရသည်။ အထွန်းသည် ငုတ်တုတ်ထိုင်ကာ အိပ်ပျော်နေရာမှ ငေါက်ခနဲ ထထိုင်သည်။

အပြီးမသတ်ရသေးသော လက်ကိုင်ပုဝါကိုယူကာ ပိုက်ဆံခြင်းထဲသို့ထည့်သည်။ လက်ကိုင်ပုဝါ အဖြူခံပေါ်တွင် ကံ့ကော်တစ်ပွင့်သည် ထင်ထင်ရှားရှားပင်လှနေသည်။ လက်ရာ မကောင်းလှသေးသော်လည်း ကြိုးစားကာ ထိုးထားသောပန်းသည် သပ်သပ်ရပ်ရပ်ပင်။

ဈေးသွားရန်အတွက် ပြင်ဆင်ပြီးသော်အခါ အထွန်းသည် အမေ့ကို နှုတ်ဆက်ပြီး အလျှင်အမြန်ပင်ထွက်လာတော့သည်။

ခပ်ထူထူလိမ်းထားသော သနပ်ခါးဖွေးဖွေး ‌တွင် ပါးကွက်နှစ်ခုကို ညီညီညာညာ ကွက်ထားသည်။ ခပ်တိုတိုဆံပင်တွင်တော့ အုန်းဆီတို့က အရွှဲသား။
မီးပူတိုက်ထားသော ရှပ်အင်္ကျီလက်တို အညိုရောင်နှင့် ပုဆိုးသည် ခေါက်ရိုးများပင် ရှိနေသေးသည်။

ခြေဆုံးခေါင်းဆုံး သနပ်ခါးလိမ်းလာသောအထွန်းသာ် ချွေးမထွက်ရလေအောင် လမ်းကို ဖြည်းဖြည်းလျှောက်သည်။

ဒီနေ့ ကိုမိုးပြန်ရောက်မှာ ။ ကိုမိုးက ပြန်ရောက်ရင် အထွန်းဆီကိုလာမှာ ။ ညနေမှ တွေ့ရင် သနပ်ခါးပြန်လိမ်းလို့ရပေမယ့် ဈေးမှာတွေ့ရင် သနပ်ခါးရှိနေသေးမှဖြစ်မှာ။

‌ဈေးသို့ရောက်ရောက်ချင်းပင် အထွန်းက ဆိုင်ခင်းသည်။ ဆိုင်ခင်းပြီးသွားသောအခါတွင်တော့ အကျအန ထိုင်ကာ ပန်းထိုးပါတော့သည်။

ဈေးရောင်းလိုက် ၊ ပန်းထိုးလိုက် ၊ ဈေးပြန်ရောင်းလိုင် ၊ ပန်းပြန်ထိုးလိုက်ဖြင့်ပင် အထွန်းတစ်ယောက် သံသရာလည်နေတော့သည်။

ဈေးသိမ်းချိန်အထိ ကိုမိုးရောက်မလာသောအခါ အထွန်းသည် ကံ့ကော်ပွင့်ကို ဆူဆူပုတ်ပုတ်ကြည့်ရင်းက

"တွေ့လား မျှော်နေတာကို ရောက်မလာဘူး"

ဒါပေမယ့်လည်း ကိုမိုးက ခရီးပန်းနေလို့ဖြစ်မှာပါ။ ညနေ ဘောလုံးကွင်းကိုတော့ လာမှာပေါ့။

ဆိုင်သိမ်းပြီးပြီးချင်း အထွန်းမှာ အိမ်မပြန်နိုင်သေး ။ ဈေးထဲမှ စက်ဆိုင်တစ်ဆိုင်သို့ သွားကာ လက်ကိုင်ပုဝါကို အနားကွပ် ရပြန်သည်။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now