Extra Final

9.1K 557 173
                                    

နာရီလက်တံတွေရွေ့နေတိုင်း အထွန်း ကိုမိုးကို လွမ်းတယ် ။ နာရီကြည့်တတ်အောင် သင်ပေးခဲ့တဲ့ အမေ့ကိုလည်း အထွန်းသတိရပါတယ်။

"အမေ အထွန်းကို စိတ်ဆိုးနေလားဟင်"

အထွန်းသည် အုတ်ဂူရှေ့တွင် တော်တော်ကြာသည်ထိ ထိုင်နေပြီးမှ ဖြည်းဖြည်းထသည်။ မျက်ဝန်းတွင် တွဲခိုနေသော မျက်ရည်စများကိုလည်း ခပ်ယဲ့ယဲ့ပြုံးရင်း သုတ်သည်။

ဒီနေ့ အထွန်းရဲ့ မွေးနေ့ ။

အမေ့ကို သတိရစိတ်ဖြင့် အုတ်ဂူရှေ့ရောက်နေသော အထွန်းသည် အိမ်သို့လည်း ပြန်ချင်သည်။ ပြန်လည်း မပြန်ချင်။

အိမ်ပြန်ရင် အထွန်း အမေ့ကို သတိရပြီး ငိုမိဦးမှာ ။

အထွန်းက အမေ့သစ်သား ခေါင်းဖြီးကို အိတ်ထဲမှ ထုတ်သည်။

သစ်သားခေါင်ဖြီးသည် ဟောင်းနွမ်းနေသော်လည်း စနစ်တကျကိုင်တွယ်သိမ်းဆည်းမှုကြောင့် မပျက်မစီး ရှိနေသေးသည်။

အထွန်းလေ ဒီခေါင်းဖြီးကို တစ်သက်လုံး သုံးမှာ ။

တွေးရင်း တွေ့ရင်းဖြင့် အမေ့ကို သတိရစိတ်က ပိုလာပြန်သည်။ အထွန်း အိမ်ပြန်ချင်လိုက်တာ အမေရယ် ။
ဒါပေမဲ့လေ အိမ်ပြန်ရောက်ရင် အထွန်း ငိုမိမလားပဲ။

အထွန်း ပြန်တာပဲ ကောင်းပါတယ် အမေရယ် ။

အထွန်းက သုသာန်မှ ထွက်သည်။ လမ်းကြားအတိုင်း လျှောက်ရင်းမှ လမ်းမဘက်သို့ထွက်သည်။

ထီးကို ခေါင်းနှင့်ထိလုမတတ် ဆောင်းထားသော အထွန်းသည် လမ်းကိုလည်း မမြင်။ ဘေးကိုလည်း မကြည့် ။ ခြေတစ်လှမ်းစာ‌ချင်းသာ တရွေ့ရွေ့သွားနေသည်။

လမ်းဆုံရောက်ရင် အထွန်း ဘယ်ကို သွားရပါ့မလဲ။
အထွန်းလေ အမေ့အိမ်ကိုလည်း ပြန်ချင်သေးတယ် ။

လှမ်းလာရင်းမှ လမ်းဆုံသို့ရောက်သောအခါ အထွန်းက ထီးကို ပိတ်ပြီး မတ်တပ်ရနေသည်။

ဟိုဘက်ကို ချိုးရင် အိမ်ကိုပြန်ရောက်မှာ ၊ ညာဘက်ကို ဆိုရင်တော့ အမေ့အိမ်ကို ပြန်ရောက်မှာ ။
တည့်တည့်သွားရင်တော့ ..
အထွန်းက သက်ပြင်းချသည် ။
တည့်တည့်သွားရင် ကိုမိုးရဲ့ အိမ် ။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now