Part 34 ( Unicode)

2.5K 350 15
                                    

တံတားပေါ်တွင် ခြေလွှဲချထိုင်ရင်း နေဝင်ဆည်းဆာကိုထိုင်ကြည့်နေသော အထွန်းတို့သည် ပြုံးပြုံးရွှင်ရွှင်။

အထွန်းက ကျော်မိုး၏ အင်္ကျီစကို ဆွဲရင်း မေးသည်။

"ကိုမိုး ရန်ကုန်ကို ပြန်မသွားရတော့ဘူးမလားဟင်"

"မသွားရတော့ပါဘူး ၊ နောက်ဆုံးနှစ်စာမေးပွဲ ပြီးသွားပြီပဲ"

"ဒါဆို အထွန်း သတိရနေစရာ မလိုတော့ဘူးပေါ့"

ကျော်မိုးက အထွန်းကို ‌ခေါင်းငဲ့ကြည့်ရင်း ပြုံးသည်။

"မလိုတော့ဘူး အကိုက ဒီမှာပဲနေတော့မှာ"

"အလုပ်လုပ်ရင်ရော"

"ဒီမှာပဲ လုပ်မှာပေါ့ ၊ ဒီကနေ ဘယ်မှမသွားတော့ဘူး"

"ဘာလို့လဲ"

"ဒီလိုပါပဲ ဒီကကောင်လေးတစ်ယောက်ကို မခွဲနိုင်လို့"

အထွန်းက ခိုးရယ်သည်။

"ဟိတ် ခိုးမရယ်နဲ့လေ ၊ ဒါမှမဟုတ် အကိုနဲ့ ရန်ကုန်လိုက်ခဲ့ "

"မလိုက်ပါဘူး "

အလျင်အမြန်ပင် ဖြေလာသော အထွန်းကို ကြည့်ကာ ကိုမိုးက ရယ်သည်။

"ဘာလို့လဲ အထွန်းရဲ့"

"အထွန်းက အမေနဲ့ မခွဲနိုင်ဘူး"

အမေ့ အကြောင်း တွေးမိမှ အမေ့စကားကို ပြန်သတိရမိလာသည်။

အထွန်းလေ ကိုမိုးကို သဘောကျပေမယ့် အမေစိတ်ဆင်းရဲအောင်တော့မလုပ်ပါဘူး။

**********

ကျော်မိုးတစ်ယောက် အိမ်မပြန်ချင်သေးသောကြောင့် ဝါးတံတားပေါ်ထိုင်ရင်း အချိန်ဖြုန်းနေသည်။

မိသားစုက အထွန်းကို သဘောမကျကြောင်းကိုတော့ သိပါသည်။ သို့သော်လည်း သူကတော့ အထွန်းကို သဘောကျသည်။

အထွန်းကို ချိုးချိုးနှိမ်နှိမ် ပြောကြဆိုကြတော့ စကားများရပြန်သည်။

အထွန်းကို နစ်နစ်နာနာပြောလေလေ ကျော်မိုးက မခံနိုင်လေလေပင်။

"အဖွားတို့ ဘာလို့ အဲလောက်ထိ ပြောနေရတာလဲ"

"ဟဲ့ မပြောလို့ရမလား ၊ ငါတို့ နင့်ကို ပညာတွေသင်ထားတာ ဒီလို သတင်းထွက်ဖို့မဟုတ်ဘူး ၊ အခု ဘယ်လောက်ရှက်ဖို့ကောင်းလဲ "

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now