Part 10( Unicode )

3.3K 496 64
                                    

နေမြင့်လာသည်နှင့်အမျှ ပူအိုက်လာသောကြောင့် အထွန်းသည် ပတ်လာသော စောင်ကို ခေါက်ကာ သိမ်းသည် ။
ထို့နောက် အင်္ကျီ သုံးထပ် ဝတ်ထားရာမှ နှစ်ထပ်ကို ချွတ်သည် ။

‌မနက်ဘက်ကျတော့လည်း အရမ်းအေးတယ် ၊ နေမြင့်လာတော့လည်း အရမ်းပူတယ် ။ ဘယ်လို ရာသီဥတုမျိုးပါလိမ့် ။
အေးရင်လည်း တစ်နေ့လုံးအေး ၊ ပူရင်လည်း တစ်နေ့လုံး ပူနေပါတော့လား ။

အခုတော့ အဝတ်တွေ ပြန်သယ်သွားရတော့မယ် ။

အထွန်းတစ်ယောက် ကောင်းကင်ကို မျက်စောင်းထိုးရင်းက ရန်တွေ့ပြန်သည် ။

"နောက်နေ့တွေ ပူလိုက်အေးလိုက် မလုပ်နဲ့ ၊ ကြားလား "

တကယ်ပါပဲ ၊ မနက်ဆို အေးလိုက် နေ့လည်ဆို ပူအိုက်လာလိုက် ၊ ညဆို ပြန်အေးလိုက် နဲ့ တကယ်ပါပဲ ။

တော်ပြီ ၊ အနွေးထည်လည်း မဝယ်တော့ဘူး။

***

ဈေးသိမ်းပြီး ပြန်လာသော အထွန်းသည် လမ်းတစ်လျှောက်တွင် အိမ်တိုင်းကို ငေးကြည့်ရင်း အေးအေးဆေးဆေးပင် လမ်းလျှောက်လာသည် ။

အထွန်းလည်း ဒီလို အိမ်အကြီးကြီးတွေနဲ့ နေဖူးချင်လိုက်တာ ။

အထွန်းတို့ မြို့သည် သုံးနှစ်လျှင် တစ်ခါခန့် ရေကြီး တတ်သောကြောင့် အိမ်အမြင့်များနှင့် ခြေတံ‌ရှည် အိမ်များကိုတွေ့ရသည်က များပါသည်။

အထွန်းလည်း ဒီလို အိမ်အမြင့်နဲ့ နေချင်လိုက်တာ။
ဒါဆို ရေကြီးရင် အထွန်းတို့ စိတ်မပူရတော့ဘူး ။

လမ်းလျှောက်လာရင်းက အထွန်းသည် အိမ်တစ်အိမ်ရှေ့တွင် ရပ်နေမိသည်။

သဇင် တွေ လှလိုက်တာ ။

မနက်ဖြန်ဆို လပြည့်နေ့ ။ အထွန်းတို့ ဘကြီး အိမ်မှာ အလှူရှိတာပဲ ။ အမေ့ကို ပန်စေချင်လိုက်တာ။

တွေး‌ရင်း ငေးရင်းပင် အထွန်းတစ်ယောက် ထိုခြံရှေ့တွင် ရပ်နေမိတော့သည် ။

"ဟိုကလေး ပန်းလိုချင်လို့လား"

ပြတင်းပေါက်ဆီမှ ရုတ်တရက် အသံကြားတော့ အထွန်းလန့်ပင်သွားရသည် ။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now