Part 24 (Unicode)

2.5K 383 20
                                    

နေ့လည်ဘက်တွင် ရာသီဥတုက ပူလွန်းလှသည်။ လေတိုက်သော်လည်း တိုက်သောခဏတွင်သာ အေးလေသည်။

အပင်တို့မှ ရွက်ဝါတို့သည် လေကြောင့်ကြွေသည်။ ထိုလေကြောင့်ပင် သစ်ရွက်ခြောက်တို့သည် မြေပြင်ပေါ်တွင် တလိမ့်လိမ့် လှိမ့်ကာ ‌အပေါ်သို့လွင့်တက်ပြန်သည် ။ လေပွေတစ်ချက်တိုက်လိုက်လျှင် သစ်ရွက်တို့မှာ မြူးတူးကာ ခုန်ပေါက်လျက်။

လကွယ်နေ့ဖြစ်သောကြောင့် အထွန်းသည် အိမ်၌ပင် ရှိနေသည်။

နေပူနေသော်လည်း အထွန်းမှာ အနားမယူနိုင် ။ အနားယူ၍လည်း မဖြစ် ၊ အနားယူမိလျှင် တစ်ယောက်သော သူကို သတိရမိပြန်ဦးမည်။

"အထွန်းရေ တော်တော့လေ "

"ရပါတယ်အမေရဲ့ အထွန်းလည်း ဒီနေ့ အားနေတာပဲ"

"ကဲပါ လာလာ ဒီကလေး ဒီလိုနဲ့ နေမကောင်းဖြစ်မယ်"

အမေက အထွန်းလက်ကို ဆွဲကာ ‌အိမ်ပေါ်သို့ခေါ်လာသည်။ မလိုက်ချင်လိုက်ချင်ဖြင် လိုက်လာရ‌သော အထွန်း မျက်နှာက ဆူပုတ်ပုတ်။

အထွန်းက အဲလို နေမကောင်းမှ မဖြစ်တတ်တာ ။ အမေက စိတ်ပူလွန်းနေတာပါ ။ ပြီးတော့ အထွန်း အလုပ်လုပ်နေမှ ဖြစ်မှာ ။ မဟုတ်ရင် တောင်တွေး မြောက်တွေး တွေးမိမှာ ။ အဲလို တွေးမိရင်လည်း နောက်ဆုံး ဘူတာက ကိုမိုးဆီကိုပဲ ရောက်မှာ။

"အေးအေးလူလူ နားနေစမ်းပါဦးအထွန်းရယ် ၊ နေကပူရတဲ့ကြားထဲ"

"အထွန်းမလုပ်ရင် အမေလုပ်နေမှာမလား"

"ငါက ဖြည်းဖြည်းလုပ်တာဟဲ့ ၊ နင့်လိုမျိုး တစ်ခုပြီးတစ်ခု မနားဘဲ လုပ်နေတာမဟုတ်ဘူး ၊ ကဲပါ အထွန်းရယ် သွားနားနေစမ်းပါ ၊ သွား ဟို အပင်တွေအောက်မှာအေးတယ် သွားထိုင်နေ "

အမေက အထွန်းကို အတင်းလွှတ်သည်။ အထွန်းက မသွားချင်။

နေက အမြဲပူနေတာပဲကို ၊ ပြီးတော့ ဒီအလုပ်တွေကို အထွန်းမလုပ်ရင် အမေပဲ လုပ်နေတာ ။ အထွန်း ဈေးရောင်းထွက်တဲ့ နေ့တွေမှာဆို အမေက တစ်နေ့လုံး လုပ်နေတာ အထွန်းသိတာပေါ့ ။

အထွန်းက အမေဖြစ်သူကို ကြည့်သည်။

"အမေ အထွန်းမသိတုန်း ဘာမှမလုပ်နဲ့နော်"

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now