သင်္ချိုင်းဂူထဲက ရှို့မင် ၂

193 26 7
                                    

ခြင်္သေ့နှင့် အလားသဏ္ဍာန်တူသော ထိုမိစ္ဆာ ၅ ကောင်ဟာ သူမတို့ကို ဝိုင်းရံလျက်ရှိပြီး သူတို့၏ မိစ္ဆာ အငွေ့အသက်တွေကို ထုတ်လွှတ်နေခဲ့သည်။

ကံကောင်းသည်ကား ရန်ရိရှင်း၏ အကာအကွယ်စည်းကြောင့် သူမတို့ကို တိုက်ခိုက်မှုမလုပ်နိုင်ပေ။ သို့သော် သူမတို့ကလည်းထွက်သွားလို့မရပေ။

" ဆရာ..ဘယ်လိုလုပ်ကြမလဲ.."

ရန်ရိရှင်းက သက်ပြင်းဖွဖွလေးချလိုက်ရင်း သူမ၏ ပုခုံးတစ်ဖက်ကို ဆုပ်ကိုင်အားပေးလိုက်သည်။

" ငါ အခု...သူတို့တွေကို ထိန်းချုပ်လို့ရနိုင်မလား စမ်းကြည့်မယ်.တကယ်လို့ မရခဲ့ဘူးဆိုရင်.ငါ့ကိုထားပြီး ဒီနေရာက မြန်မြန်ထွက်သွား..ဟုတ်ပြီလား.."

" ဘာတွေပြော..ဘယ်လိုထိန်းချုပ်မှာလဲ..သူတို့က ရိုးရိုးတိရစ္ဆာန်တွေမှ မဟုတ်တာ.တခြားနည်းလမ်းမရှိဘူးလား..ဆရာ..ဆရာ..ထွက်မသွားနဲ့.."

သူမ၏ စကားပင် မဆုံးသေး ရန်ရိရှင်း က အကာအကွယ်စည်း အပြင်ဘက်သို့ ထွက်ခွာသွားလေ၏။

ရန်ရိရှင်း က တည်ငြိမ်သောခြေလှမ်းများဖြင့် ထိုသတ္တဝါများအနားသို့ တဖြည်းဖြည်းတိုးကပ်သွားခဲ့သည်။ သူ ခြေတစ်လှမ်းနိီးကပ်လာသည်နီင့်အမျှ ထိုမိစ္ဆာကောင်များထံမှလည်း ဒေါသ အခိုးအငွေ့တွေပို၍ပြသလာခဲ့သည်။

ကျန်းစီကျူး ထိုအခြေအနေကိုမည်သို့ရင်ဆိုင်ရမည်မှန်းမသိပါ.သူမ က အကာအကွယ် စည်းအပြင်ဘက် ကို လိုက်ထွက်ချင်ပေမယ်​့ စိတ်ထဲကကြောက်စိတ်ကစိုးမိုးထားပြီး သူမ၏ခြေထောက်တွေကို ထိန်းချုပ်ထား၏။ သူမက နေရာတွင်သာ တုန်လှုပ်စွာ ရပ်နေခဲ့ပြီး မျက်ရည်များကသာ သူမပါးပြင်အပေါ်စိုရွှဲလာခဲ့သည်။ သူမက သေခြင်းကိုကြောက်လန့်တက်နေသေးသည့် ဆယ်ကျော်သက်မိန်းကလေးငယ် တစ်ယောက်ပင် မဟုတ်ပါလား.. .

ရန်ရိရှင်းဟာ မန္တာန်တစ်ခုကို ခပ်တိုးတိုးရွတ်ဆိုနေရင်း ထိုသတ္တဝါရှိရာသို့ တိုးကပ်သွားခဲ့သည်။ သူ့အတွက်လည်း ဒါက လောင်းကြေးထပ်မှုတစ်မျိုးပေ။ သူဟာ ဘယ်သောအခါမှ သူ၏ သရုပ်မှန်ကို လူတွေသိအောင်ထုတ်ပြချင်စိတ်မရှိခဲ့ပေ။ ဒီနေ့မှာတော့ သူ့ရဲ့တစ်ဖက်ခြမ်းကို သူရဲ့တပည့်မရှေ့မှာ ထုတ်ပြရတော့မည်။ သူဟာ အဆိုးတွေကိုမမျှော်လင့်ပဲ အကောင်းဆုံးသာ ဖြစ်ပါစေလို့ရည်ရွယ်ရင်း သူရွတ်ဆိုနေသော မန္တာန်ကို ခပ်ကျယ်ကျယ် ရွတ်ဆိုလိုက်၏။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now