စည်းကမ်းတင်းကျပ်သော ဆရာ

288 29 1
                                    

လနတ်သမီးပူဇော်ပွဲ နေ့ကတော့ ပြီးဆုံးသွားခဲ့ပြီ၊ ကျန်းစီကျူးက အိမ်ကိုပြန်လာပြီးနောက် တစ်နေ့တာလုံးမောပန်းမှုကြောင့် အိပ်ရာသို့သာအမြန်ဆုံးတိုးဝင်လိုက်တော့သည်။ သူမအနေနှင့် ဒီနေ့ဖြစ်ပျက်သမျှ သူမဆရာအကြောင်းကို ဆက်မတွေးတော့ပဲ အိပ်စက်အနားယူဖို့သာ ဦးစားပေးလိုက်သည်။
ထိုနေ့ညက သူမတစ်ယောက်သာ ကောင်းမွန်သောအိပ်ပျော်ခြင်းရရှိပြီး ကျိုးမိသားစု ၃ ယောက် နှင့် ရန်ရိရှင်း ကတော့ အိပ်ရာပေါ်တွင်လူးလိမ့်၍ အတွေးတွေများနေခဲ့တော့သည်။
လနတ်သမီးပူဇော်ပွဲ ပြီး ၂ ရက်မြောက်မှာတော့ ကျိုးထုံက ကောင်းကင်ဓားဂိုဏ်းသို့ပြန်သွားခဲ့သည်။ ကျိုးသွားသော သူ၏ဓားအစား သူ့ဖခင် ကျိုးကျစ်လုံ မှ သူကိုင်ဆောင်သောဓားကို အစားထိုးပေးခဲ့သည်။
" ကျွန်တော်..အဖေ့ဓားကို ဘယ်လိုလက်ခံရမှာလဲ..ကျင့်ကြံသူတစ်ယောက်အတွက် ဓားဆိုတာ ဝိညဥ်တစ်စိတ်တစ်ပိုင်းပဲလေ..ကျွန်တော့အတွက် ကျွန်တောနဲ့ကိုက်ညီတဲ့ ဓားကို ပြန်ရှာတွေ့မှာပါ..အဖေ့ဓားကို ပြန်သိမ်းထားလိုက်ပါ.."
ကျိုးကျစ်လုံက ကျိုးထုံ၏စကားကို လက်မခံပဲ
" မဟုတ်ဘူးသား..ဒီဓားက ဝိညဥ်တစ်စိတ်တစ်ပိုင်းဆိုတာထက်ပိုတယ်..တကယ်တော့ ဒီဓားက ကျိုးမိသားစု မျိုးရိုးစဥ်ဆက် ကမ်းလာတဲ့ဓား..ကျိုးမိသားစုရဲ့ ဘိုးဘေးတွေရဲ့ဝိညဥ်ပါ ဒီဓားမှာတွယ်ညိနေတယ်.ဒီဓားက အဖေတစ်ယောက်တည်းအပိုင်မဟုတ်ဘူး.ကျိုးမိသားစုဝင်တိုင်းနဲ့ သတ်ဆိုင်တယ်..ဒါကြောင့် ဒီဓားကို သားလည်းပိုင်ဆိုင်ခွင့်ရှိတယ်..ကျင့်ကြံသူတစ်ယောက်သေဆုံးရင် သူ့ရဲ့လက်နက်ကလည်းသေဆုံးတယ်ဆိုတာ ဒီဓားအပေါ်မှာတော့ အကျိုးမသက်ရောက်ဘူး.ဘယ်လိုဖြစ်ဖြစ် တစ်ချိန်ကြရင် ဒီဓားကို သားလက်လွှဲယူရမှာပဲ..ခုယူထားလိုက်လည်း သိပ်မကွာခြားပါဘူး..အဖေ့အတွက်က ဓားသုံးရမယ့်နေရာမရှိသလောက်ဆိုပမယ့် မင်းအတွက်တော့ ဓားက မရှိမဖြစ်လိုအပ်တယ်..ယူသွားပါ..ဒီဓားကို လက်ခံယူပြီး ကျိုးမိသားစုကို ထိန်းသိမ်းပါ.."
ကျိုးထုံက ဖခင်လက်ထဲမှ ဓားကို တွန့်ဆုတ်စွာလက်လှမ်းမိ၏။ ကျင့်ကြံသူတို့အတွက် ၎င်းတို့၏လက်နက်မှာ သေဆုံးချိန်မှသာ စွန့်ခွာကြသည့်အရာဖြစ်သည်။ လက်နက်များကလည်း သခင်သေဆုံးမှသာ သခင်နောက်တစ်ယောက်သို့ပြောင်းခြင်း.သို့မဟုတ် ကိုယ့်ကိုကိုယ် အသုံးမဝင်သော လက်နက်အဖြစ်သို့ပြောင်းခြင်းလုပ်ကြသည်။ သခင်အသက်ရှိရက်နှင့် နောက်တစ်​ယောက်ပြောင်းခြင်းမျိုးမလုပ်ကြပေ။ အခုလည်း ဒီဓားက သူ့ဖခင် သက်ရှိထင်ရှားရှိနေချိန်တွင် သူ့စကားကိုနာခံပါ့မလား၊ သူ၏ ထိန်းချုပ်မှုအောက်တွင် နေပါ့မလား အတွေးတို့နှင့် ဖခင်လက်ထဲမှ ဓားကို မဝံ့မရဲကိုင်ဆုတ်လိုက်မိသည်။
သူ၏လက်အစုံက ဓားရိုးပေါ်တင်လိုက်မိသည်နှင့် ထူးဆန်းသော ခံစားချက်တစ်ခုကိုရရှိလိုက်သည်။ ပူနွေးသော ခံစားချက်က ဓားရိုးမှတဆင့် သူ၏ လက်၊ လက်ဖျံ တစ်လျှောက်တိုးဝင်လာပြီးနောက် ထိုခံစားချက်က ကြိုးမျှင်လေးတစ်ခု သူ့ကိုယ်တစ်လျှောက်ပတ်လိုက်သလို သူ့နှလုံးသားထဲထိ တိုးဝင်လာခဲ့သည်။
" နွေးလိုက်တာ..."
ကျိုးထုံက နှုတ်ဖျားမှပင် ထုတ်ပြောမိသွားပြီး သူ့လက်ထဲမှ ဓားကို ကျေနပ်မှုအပြည့်ဖြစ်နေခဲ့သည်။ ဓားဆိုသည်မှာ သတ္တုကို ထုထွင်းပုံဖော်ထားသောအရာဖြစ်ပြီး မည်သည့်အခါမှ နွေးသောခံစားချက်ရနိုင်မည်မဟုတ်ပေ။ ကျိုးထုံ၏ စကားကြောင့် ဘေးမှတစ်လျှောက်လုံးရပ်ကြည့်နေသော ကျန်းစီကျူး စိတ်ဝင်စားသွားပြီး ကျိုးထုံလက်ထဲမှဓားကို ကိုင်ကြည့်လိုက်သည်။
" ဘာလား..ဒီတိုင်း အေးစက်စက်ပါပဲ.."
သူမ၏ စကားကြောင့် ကျိုးကျစ်လုံ က ပြုံးလိုက်မိသည်။
" ဒီဓားက ကျိုးမိသားစုဝင်တွေကိုပဲ အသိအမှတ်ပြုတဲ့ဓား..ဒါကြောင့် ကျိုးမိသားစု သွေးပါတဲ့လူကိုင်ရင် နွေးတဲ့ခံစားချက်ရတယ်..ရှေးအဆက်ဆက် ဘိုးဘေးတွေရဲ့ ကျင့်ကြံစွမ်းတွေကျန်ရှိနေသေးတာမို့လို့ ဓားကိုကိုင်တဲ့ ကျိုးမျိုးဆက်တွေကို စောင့်ရှောက့်မှုလည်းရှိတယ်..အခု ကျိုးထုံက ဒီဓားရဲ့သခင်ဖြစ်သွားပြီ၊ သူနဲ့ လေ့ကျင့်မှုတွေ များများလုပ်ကြည့်ပါ၊ ဓားရဲ့ထူးခြားချက်တွေ တွေ့လာရလိမ့်မယ်.."
" ဟုတ် အဖေ.ကျွန်တော် ကြိုးစားလေ့ကျင့်ပြီး ဓားရဲ့ထူးခြားချက်တွေကို လေ့လာပါ့မယ်.."
" အင်း...အချိန်လည်း မစောတော့ဘူး..အမြန်ဆုံး ဂိုဏ်းကိုပြန်တော့.."
" ဟုတ်..အဖေ."
ကျိုးထုံ က အားလုံးကိုနှုတ်ဆက်ပြီး မြန်မြန်ပင် ထွက်ခွာသွားတော့၏။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now